Ep17

335 22 0
                                    

Jisoo ဘက်စပီးလှုပ်ရှားပီဖြစ်သည်။သူမသည် Rose,Jennie တို့အားသူမ၏အစီအစဉ်အတိုင်းလှုပ်ဆောင်ရန်‌‌ဂိုဏ်းအလုပ်သမားများထံသို့တဆင့်အမိန့်ပေးလေ၏။လှုပ်ရှားမည့်ရက်သို့ရောက်လာ၍

ဂိုဏ်းအလုပ်သမားများကို Rose,Jennie တို့ကပါ၀င်ဉီးဆောင်၍လူများကိုအဖွဲ့ 2 ဖွဲ့ခွဲကာ Jisoo ရဲ့အစီအစဉ်အတိုင်းအကောင်အထည်ဖော်ရန်မှာကြားလိုကါသည်။လူသံုး‌ေယာက်ကိုတဖွဲ့ဖွဲ့ကာအဖွဲ့ 1၊2 ဟူ၍အဖွဲ့ 2ဖွဲ့ကိုအသီးသီးအမည်ပေးကာ Yeji,Ryujin,Yuna တို့တယောက်ချင်းစီကိုအဖွဲ့တစ်ဖွဲ့စီစေလွှတ်လိုက်သည်

အဖွဲ့ 1 သည် Yeji ‌၏အိမ်အတွင်းကို၀င်ပေါက်ကမ၀င်ဘဲအိမ်ရဲ့အနောက်ကနေတဆင့်စွန့်စားပီး၀င်လာကြသည်။သူတို့ကအိမ်မီးဖိုးချောင်မှဖြတ်ကာအိမ်အတွင်းသို့သူခိုးသဖွယ်စွန့်စားကာ၀င်ရောက်လေ၏။မီးဖိုချောင်ကနေအိမ်အတွင်းတောက်လျှောက်လူမရှိသဖြင့်အဆင်ပြေသွားကာအိမ်ရဲ့လှေကားအတိုင်း Yeji ရဲ့အိမ်ခန်းဆီသို့သွားလေ၏။Yeji ၏အိပ်ခန်းတည်နေရာကို Jisoo ကသိ၍ပြောပြထားသဖြင့်သိ‌နေချင်းဖြစ်သည်။နောက်ဆုံး Yeji ၏အိမ်ခန်းအတွင်းရောက်ရာ Yeji ၏အ၀တ်ဗီဒိုရဲ့အောက်ဘက်နဲ့ထောင့်အကျဆုံးနေရာကိုရွေးကာရတနာဘူးသုံးဘူးကိုထားလိုက်လေ၏။ရတနာဘူးတွေက Spark Flames ကိုပထမဉီးဆုံးတိုက်ခိုက်သည့်အခေါက်ကရခဲ့တဲ့ရတနာဘူးတွေဖြစ်သည်။Jisoo သည်ထိုရတနာဘူးသုံးဘူးကိုအမြော်အမြင်ရှိရှိ Yeji ၏အိပ်ခန်းအတွင်းခိုးထားရန်ကြိုတင်ချန်ထားခြင်းဖြစ်သည်။ထိုအခါမှထိုသုံးယောက်ကအပြန်လမ်းရှာ၍ပြန်လာခဲ့လေသည်။အောင်မြင်သွား၏။အပြန်လမ်း၌လည်းမည်သူမှမရှိသည့်အတွက်ဖြစ်သည်

အဖွဲ့ 2 သည် Ryujin ရှိနေသည့်စားသောက်ဆိုင်သို့ရောက်လာ၏။Ryujin ကိုမကြာခင်၀ိုင်တ၀ိုင်းမှာမှာရိှ‌ေနသည်ကိုသူတို့မြင်လိုက်သည်။ထိုအခါသူတို့က Ryujin ထိုင်ရာနေရာ၏နောက်ကျောကပ်၀ိုင်းတွင်‌ေနရာယူလိုက်သည်။သူမ၏လက်ကိုင်အိတ်သည်‌သူမ၏ဘေးကလွတ်နေသည့်ခုံမှာရှိသည်။ထိုသုံးယောက်ကသူမ၏အိတ်ထဲသို့ Jisoo သည် Spark Flames ဆီမှငွေအလွဲသုံးစားလုပ်ထားသည့်လက်ကျန်ဒေါ်လာ 1သန်းကို Ryujin ၏အိတ်ထဲသို့ထည့်ချင်၏။ထို့ကြောင့်သူတို့ကဉာဏ်ကိုခနသုံးနေစဉ် Ryujin ကထိုနေရာမှထသွားကာအမျိုးသမီးသန့်စင်ခန်းဘက်သို့သွားလေ၏။လက်ကိုင်အိတ်လည်းထို‌ေနရာမှာချန်ခဲ့၏။ထိုအခါမှအခွင့်အရေးရသည့်အတွက်သူတို့ထဲမှပထမလူက Ryujin ၏လက်ကိုင်အိတ်ကိုဆွဲယူပီးပိုက်ဆံဒေါ်လာ1သန်းကိုအိတ်ရဲ့ဟိုးအောက်ဘက်ထောင့်ဆုံးကျသည့်နေရာရှာကာထည့်ထားလိုက်လေ၏။ဒုတိယလူက Ryujin ၏အလာကိုစောင့်ကြည့်နေပီးတတိယလူကဘေးဘက်ကိုကြည့်ကာပထမလူကိုလိုအပ်လျှင်အကူအညီပေးရန်အသင့်ပြင်ထား၏။ထိုအခါအလုပ်ပီးသွားသဖြင့်သူတို့အားလုံးထိုနေရာမှထွက်ခွားသွားကြ၏။အောင်မြင်သွားပြန်၏။ညနေအချိန်ဖြစ်ပီးဆိုင်၌လူနည်းပါးနေသည့်အတွက်လည်းတခြားမည်သူမှမမြင်ခဲ့ပေ

Hidden Backgrounds(ဖုံးကွယ်ထားသောနောက်ကွယ်များ)Where stories live. Discover now