Jisoo သည်အလွန်အမင်းပင်ဒေါသတွေထောင်းခနဲထွက်နေလေ၏။အဘယ်ကြောင့်ဆိုသော်သူမ၏ဂိုဏ်းကမှာလိုက်တဲ့လက်နက်တွေကို Itzy ဂိုဏ်းအနေဖြင့်တမင်သက်သက်လုယူလိုက်ခြင်းကြောင့်ဖြစ်သည်။သူမအလွန်ပေါက်ကွဲသွား၏။ထိုအကြောင်းအရာများကိုသူမ၏ဂိုဏ်းကတာ၀န်ရိှအလုပ်သမားကိုယ်တိုင်သူမအားလာပြောပြခြင်းဖြစ်သည်
Jisoo အိမ်ရှိရုံးခန်းတွင်
Jisoo:ဟမ်းမဖြစ်ရဘူး။လုံး၀မဖြစ်ရဘူး။ဒါဘလိုဖြစ်ရတာလဲ။အင်းဟာ
Jisoo ကပြောရင်းဆိုရင်းအလုပ်စားပွဲပေါ်ကအရာရာအားလုံးကိုလက်ဖြင့်ဘေးလှဲလျလိုက်လေသည်။အလွန်လည်းဒေါသထွက်သွားရသည်။ထို့နောက်သူမကိုလာပြောပြသည့်အလုပ်သမားများလည်းထိုရံုးခန်းမှပြန်သွားကြသည်။သူတို့ပြန်သွားကြမှ Jisoo သည်သူမ၏ဖုန်းကိုဖွင့်ကာသွင်းထားေသာအသံဖိုင်တခုကိုဖွင့်လိုက်လေ၏
"ငါတို့ကပဲ Spark Flames ကိုတိုက်ခိုက်တာ။ငါတို့ကပဲသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလာလုမှာ။ငါတို့ကပဲနာမည်ရလာ"
Itzy ခေါင်းဆောင် Yeji ပြောတဲ့စကားကို Jisoo သည်သူမခရီးလမ်း၌ Yeji ပြောနေစဉ်အနောက်ကနေဖုန်းကိုကိုင်ပီး Yeji ပြောနေသည်ကိုအသံသွင်းထားသည့် အသံဖိုင်ပင်ဖြစ်သည်။သူမသည်
ခနတာတွေးတောနေပီးနောက်Jisoo:Itzy တို့ရေ။ Yeji ရယ် Ryujinရယ်,Yuna နင်တို့ Itzy အားလုံးကိုငါတောင်းပန်ပါတယ်ဟာ။ငါဒီနည်းလမ်းကိုထုတ်မသုံးချင်ပါဘူး။ဒါမဲ့လည်းနင်တို့ဘက်ကငါ့ကိုပညာစလာစမ်းတာလေ။နင်တို့ကအိပ်ပျော်နေတဲ့ကျားကိုရန်လာစလိုက်တာလေ။အဲ့တာကြောင့်ကျားကြီးလမ်းလန့်နိုးသွားပီးနင်တို့ကိုခုန်အုပ်တော့မှာနော်။ငါမလုပ်ချင်ပါဘူးဟာ။ဒါမဲ့လည်းလုပ်မှဖြစ်မှာမို့လို့ပါဟာ။နင်တို့ကိုငါမနိုင်ရင်ကိုယ့်ကိုယ်ကိုသတ်သေပလိုက်မယ်။နင်တို့ကိုနင်တို့ထက်ဝါရင့်သူကိုမှရန်လာစတာလေ။အဲ့တော့ငါနင်တို့ကိုငါ့ရဲ့တချက်ခုတ်နှစ်ချက်ပြတ်နည်းလမ်းသစ်ကိုသုံးရတော့မယ်။ဒါမှ ရော နင်တို့ပါမြိုးပြုတ်သွားမှာလေ
ထို့နောက် Jisoo သည်အားလုံးကိုအစည်းအဝေးခေါ်လိုက်သည်။သူတို့လည်းလက်နက်တွေလုယူခံရတဲ့အကြောင်းလည်းသိပီးနှင့်ပီဖြစ်သည်
YOU ARE READING
Hidden Backgrounds(ဖုံးကွယ်ထားသောနောက်ကွယ်များ)
FanfictionRose Park Chaeyoung CEO.Blackpinkဆိုတဲ့ဂိုဏ်းတဂိုဏ်းကနိုင်ငံအတွင်းမှာနာမည်ရှိဂိုဏ်းတဂိုဏ်းပဲ။အမျိုးသမီးဂိုဏ်းပေါ့။စာသားပံုစံက blackpink ဆိုပီးပန်းေရာင်ခေတ်မီဒီဇိုင်းတွေနဲ့ဆင်ယင်ထားပီးစာသားအပေါ်မှာပန်းရောင်သရဖူကိုတင်ထားတယ်။ဂိုဏ်းကိုအုပ်ချုပ်တဲ့အမျ...