part(2)

1.1K 63 3
                                    

"ဖေကြီးရေ'

အိမ်အောက်ထပ်မှအိမ်သူသက်ထား လေး ဒေါ်ရူပါခင် ၏ အသံကြောင့် လုပ် လက္စ အလုပ္ကိူပစ္ထား၍ အောက်ထပ်ကိုဆင်းကာ

"ဘာတုန်း မေကြီးရ'

"သားသား ကျောင်းကဖုန်းဆက်တယ် မနက်ဖြန်ရုံးခန်းလာခဲ့ဦးတဲ့'
သားတော်မောင် တယောသံစဉ် ဘာတွေမွှေပြန်ပြီးလည်းမသိဘူး ဘယ်သူနဲ့ရရန်ဖြစ်ပြန်ုပီးလည်းမသိဘူး ဒီကောင်လေး လူကသာ ၁၃နှစ်သား 8တန်းအရွယ် ရှာလိုက်တဲ့ပြသနာ ဖြစ်လိုက်တဲ့ရန်တွေ အသက်နဲ့တောင်မလိုက် ရန်ပွဲနဲ့အသက်နဲ့ယှဉ်ရင် ရန်ပွဲကအသက်ထက်ကြီးနေမယ် သားလေးတစ်ယောက်ထဲမို့ အလိုလိုက္ထားတာ အခုတော့မနိုင်စိန်ဖြစ်နေုပီး

"အေပါကွာ မေကြီးရာ ဖေကြီး မနက်ရုံးမသွားခင် သွားတွေ့လိုက်ပါ့မယ်'

"ဒီကောင်လေး ဘယ်သူနဲ့ရန်ုဖစ်ပြန်ပြီးလည်းမသိဘူး ဖေကြီးရာ သွားရင် ပိုက်ဆံပါတစ်ခါတည်းယူသွားလှည့် နစ်နာသူညက်ကိုလည်း သေချာတောင်းပန်ုပီး ဆေးဖိုး လေး ဘာလေးပေးခဲ့ဦး'

ကိုယ့်သားအကြောင်းကိုယ်သိလို့ ဖေကြီးကို ပိုက်ဆံပါတစ်ခါတည်းယူသွားခိုင်းရတာ ရန်ဖြစ်လိုက်တိုင်းရောင်စဉ်တို့က မခံရ လက်ဦးကာ တစ္ဖက်သားကို အရင်ဆော်လိုက်ရမှ
ဒီကောင်လေး ဒီလောက်ထိ ဆိုးနေတာ ဘယ်သူဘက်လိုက်နေလည်းမသိပါဘူး အမျိုးထဲမှာလည်းသူ့လောက်ဆိုးတဲ့လူမရှိပါဘူး ရှေးလူကြီးတွေပြောသလို တစ်မိပေါက်တစ်ယောက်ထွန်း ဆိုတာ သံစဉ်နဲ့ကွက်တိ

ပြန်ရောက်ရင်တော့ ဝါးခြမ်းကြီးကြီးနဲ့မှတ်လောက်အောင်ရိုက်ပစ်မယ် ကျောင်းစရိတ်ထက် ပြသနာစရိတ်က ပိုများနေသလားမသိ

အိမ်ရှေ့မှ လူမရောက်မီ အသံကိုကြားရတတ်တဲ့ ရောင်စဉ်ရဲ့ အားပြဲခြောက်အော်သံ

"မေမေ ရော သားပြန်ရောက်ပြီး '

အမလေးလေး မသိရင် နေ့လည်က ဘာမြ မလုပ်ထားတဲ့ပုံစံနဲ့ အေးဆေးစွာ ပြန်လာတဲ့ သားတော်မောင်
နောက်ဖေး မီးဖိုထဲမွာ ချက်ပြုတ်နေတဲ့ မေမေ ထွက်လာတော့ လက်ထဲမှာ ယောင်းမကြီးနဲ့ ရိုက်တော့မလားမသိဘူး
တော်သေးတာပေါ့ ဝါးခြမ်းပြားမကိုင်ထားလို့

My CelloWhere stories live. Discover now