part (7)

666 53 7
                                    

တစ်ပတ်ခန့်ကြာပြီးနောက်................

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဟူသော နေရာကြီးထဲတွင် နိုင်ငံရပ်ခြားမှာအလုပ်သွယးလုပ်မည့်သူ နိုင်ငံရပ်ခြားမှပြန်လာမည့် သားသမီး ဆွေးမျိုးတို့ကို ပြန်လညမည်ကို လာကြိုမည့်သူတို့နှင့်စည်ကာ စွာတည်ရှိနေသည်

"ယျောင့် မင်းအစစအရာရာဂရုစိုက်နော် "

ပုခုံးကိုကိုင်ကာ အားပေးစကားပြောလာတဲံသူရကို ဘာစကားမှမပြောဘဲပြုံးပြရုံသာပြုံးပြခဲ့သည် ထိုအချိန်ဘေးနားမှကောင်လေးနှစ်ယောက်၏စကားသံကို အမှတ်မထင်ကြားလိုက်မိသည်

"ညီချောငါဒီမှာ "

"မင်းပြန်လာတာစော်တာကွာ ငါကနောက်နာရီဝက်လောက်မှ လေယျာဉ်ရောက်မယ်ထင်နေတာ"

"ဒီနေ့ဦးဦးဇေယျာစိုး မင်္ဂလာဆွမ်းကပ်ရှိတယ်လေ '

"ဟား ဦဇေယျာစိုးက စွံသွားပြီပေါ့လေ '

"အေး ဟုတ်တယ်ငါတို့အခုအဲ့ဒီကိုပဲတန်းသွားမယ်"

"အေး အဲ့ဒါဆိုလဲမြန်မြန်လာ"

ထိုအချိန်ညီချော၏မျက်ဝန်းထောင့်တစုံမှ အဖြူရောင်အင်္ကျနှင့်အမဲရောင်style pantလေးနဲ့ ခန့်ညားစွာတည်ရှိနေသော အမျိုးသားတစ်ဦး၏ပုံရိပ် ထိုပံရိပ်ထဲက လူသည် ညီချော တွေ့ချင်နေသောအပြုံပိုင်ရှင်များလား မသိစိတ်တို့က ဝေဝါးသည်ကို အတည်ပြုဖို့ အနားသွားမည်အလုပ် ဆွဲဆောင့်ခံလိုက်ရသညိ့လက်တစ်စုံ

"ညီချောမြန်မြန်လာ တော်ကြာနောက်ကျနေဦးမယ် '
သံစဉ်ဆွဲခေါ်လို့ လိုက်လာရပေမဲ့ စိတ်တွေက လေယာဉ်ကွင်းက အကျီ်ဖြူလေးဆီကိုသာ ရောက်နေမိသည်
........................

"ဟက်! "

"ဘာဖြစ်လို့လည်း ဂုဏ် '

ဒီနေ့က သူတို့ရဲ့မင်္ဂလာဆွမ်းကပ်ပေါ့လေ ဟုတ်လား ဟက်!  မင်းပျော်ထားဦး ဇေယျာစိုး အလှည့်ကျမနွဲ့မတမ်းပေါ့ကွာ

"ဟျောင့်  သူရ ဟိုခုနကထွက်သွားတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့လား '

"ဘယ်နှစ်ယေက်လည်း ကွာ ဒီမှာက လူတွေကအများကြီးလေကွာ '

"ဟိုကနှစ်ယောက်ကွာ တစ်ယောက်ကဖြူဖြူသေးသေးလေးလေကွာ နောက်တစ်ယောက်က အသားညိုညိုနဲ့တစိယောက်လေး မင်းတွေ့လား '

My CelloWhere stories live. Discover now