part (4)

670 49 4
                                    

ဘာလိုလိုနဲ့ ကျောင်းတတ်လာတာ နောက်ဆုံးစာမေးပွဲဖြေဖို့
၁လ သာလိုတော့သည် ကျောင်းသားများအားလုံး က ဒီချိန်ဆို အသေအလည်းစာကျက် နေပြီး အဲ့ထဲမှာ
ဂုဏ်ရှိန်ဂုဏ်ဝါ ကတော့ စာမေးပွဲအောင်ချင်ဇောနဲ့ စာတွေအသဲအသန်ကျက်နေမိတော့သည်

ဒီနေတော့ ယမင်းတို့ကျောင်းကိုသွားရမယ် ယမင်းကိုလည်းတွေ့ချင်နေပြီး ကားလေးကို ယမင်းတို့ကျောင်းရှိရာကို မောင်းလိုက်ပြီးကျောင်းရှေ့ရောက်တော့မှ ယမင်ကို sprite လုပ်မယ်ဆိုတဲ့အတွေးနဲ့ ph မခေါ်ပဲနဲ့ ယမင်းတို့အဆောင်းရှိရာရို ကားကိုဖြည်းညင်စွာမောင်းလိုက်သည်

ကော်ရစ်တာကနေတဖြည်းဖြည်းလေးလျောက်လာတဲ့ကျွန်တော့်နတ်သမီးလေး ယမင်း ဘေးမှာ ကျက်သရေတုန်းနွားကောင် ဇေယျာကိုတွေ့တော့ ဒေါသကထောင်းခနဲထွက်သွားပြီး
ခြေလှမ်းကြဲကြီးတွေနဲ့ သွားကာ

"ဇေယျာစိုး!!!' ဒေါသတကြီးခေါ်လိုက်တဲ့ ဂုဏ်အသံကြောင့်

ဂုဏ်ခေါ်တာကိုအနောက်လှည့်ကြည့်လာတဲ့ ဇေယျာစိုး
နှစ်ယောက်သား မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတော့မှ
မျက်နှာကို သုံးချပ်တိတိ ဆင့်ထိုးလိုက်တော့ လဲကျသွားတဲ့ဇေယျာစိုးက်ု အပေါ်ကနေတတ်ခွပြီး ထပ်ထိုးဖို့အလုပ်

"တော်တော့မောင်'
ယမင်းရဲ့ဟန့်တားသံကိုကြားရမှပဲ လေထဲတွင်ရပ်တန့်သွားတဲ့လက်တစ်စုံ

"မင်းကနွားလာဟင် ဇေယျာစိုး ဘယ်လောက်ပြောပြောနားမလည်ရအောင်'
အော်ပြောလိုက်သော ဂုဏ်အသံကြောင့် လဲနေရာမှထကာ

"ငါက ယမင်းကိုချစ်တာအပြစ်လားဟင် သူကလည်းအပျို ငါကလည်းလူပျို ကြိုက်တာဆန်းလားကွ ငါ့ကိုမင်းကပြောရအောင်မင်းက သူ့ယောက်ျားလား '

"အေ အခုမဖြစ်ပေမဲ့ နောက်လဆိုယမင်းက ငါ့ဇနီးဖြစ်တော့မှာကွ'

"ဟက် ...​သေချာလို့လားဂုဏ်ရ နောက်လဆိုမင်းဇနီးဖြစ်မယ်ဆိုတာ'
ခနဲ့သလိုရွဲသလိုပြောလာတဲ့ ဇေယျာစိုးစကားကြောင့် ဒေါသကငယ်ထိပ်ကို ရောက်ပြီးထိုးမယ်အလုပ် ထွက်လာတဲ့ယမင်းအသံ
"ငါနဲ့ ဂုဏ်နဲ့က ကျောင်းပြီးရင် လက်ထပ်ဖို့ လူကြီးတွေကိုပြောပြီးပြီး လူကြီးတွေကလည်းသဘောတူတယ် ဇေယျာ အဲ့တော့နင်နောက်ဆုတ်လိုက်တော့ '

My CelloWhere stories live. Discover now