part (9)

413 41 3
                                    

"ဟျောင့် သူရ ငါမြန်မာပြည်ပြန်ရောက်နေပြီး အခု ငါ့ကို လေယာဉ်ကွင်းမှာလာကြို "

"ဟင် မင်းပြောတော့ နောက်လ မှဆို ဘာလို့အခုပြန်ရောက်နေတာလည်း ''

"မင်းက တော်တော်ရှည်တာပဲ  ငါကိုလာကြိုမလား လာမကြိုဘူးလား လာရင်မြန်မြန်လာ ငါ နေပူတယ် ''

"ငါတော့မလာအားဘူး ငါကုမ္ပဏီကတစ်​ယောက်ကိုလွှတ်ပေးလိုက်မယ် "

"အေ လာရင်လည်းမြန်မြန်လာ ငါစောင့်ရတာ နေပူတယ် "
ဖုန်းပြောပြီး ရပ်နေတဲ့ထိုလူသား၏မျက်နှာက တစ်လောကလုံးသူလုပ်စား စားထားသလို တည်တံနေတဲ့မျက်နှာထား

မိနစ် ၃၀ ခန့်ုကြာတော့ မိမိရှေ့တွင်လာရပ်​သော ကားတစ်စီး
ကားထဲမှ လူတစ်ဦးထွက်လာပြီး

"ကို ဂုဏ်ရှိန် ဂုဏ်ဝါ လားဗျ"

တစ်လောကလုံးကို ချေမိုးကာ တည်တင်းနေတဲ့မျက်နှာထားကြောင့် Driver သမား လေးက အရဲစွန့်ပြီး မေးလိုက်တော့

"ဟုတ်တယ် '
ကြည်လင်သော အသံက သြဇာသံအပြည့်နှင့် ထိုလူသား၏ အရှိန်ဝါကို ပိုမိုထင်ဟပ်နေသည်

Driver သမား လေးက ကားတံခါးဖွင့်ပေးကာ ကားနောက်ခန်းတွက် ထိုင်ကာ

"ငါကွန်တိုကို မောင်း "
စကားသံတွေက အမိန့်သံလိုလိုနဲ့ ကြားရသူအဖို့က်ြသီးထစရာကောင်းနေသည်

..................
အိမ်ပြန်ရောက်သည်အထိ လူက ကြောင်ကြောင်အန်းအန်းဖြစ်နေသည်
အိပ်မည်လုပ်တော့လည်း မနက်ကလေယာဉ်ကွင်းကအကြောင်းက ခေါင်းထဲရောက်လာသည်
'အမည်မသိတဲ့လူသားတစ်ဦးဆီက နမ်းတာကိုခံလိုက်ရတာလား လူအများကြားမှာဒီလိုတစ်ခါမှ အနမ်းခံရမည်လို့မတွေးဖူးခဲ့ ထိုလူသားရဲ့အနမ်းကျွမ်းကျင်မူကြောင့်လား ရှက်စိတ်ကြောင့်လား မသိ ကျွန်တော့်နှလုံးသားလေးက သူ့သခင်အလလာကို​မျှော်​နေသလို နှလုံးသား​လေးထခုန်လါတါကိုတော့ကိုတော့ကျွန်တော်မငြင်းခြင်
ငါရင်ခုန်သွားတာလားမဖြစ်နိုင်ပါဘူး ငါချစ်သူနဲ့နမ်းတာတောင်ရွံ့သလိုဖြစ်နေတာ ဒီလိုသားနမ်းတာကို ရင်ခုန်ဖို့ဆိုတာ ဝေးသေး ငါရှက်သွားတာ ဟုတ်တယ် တယောသံစဉ် မင်းရှက်သွားတာ မင်းရှက်လို့ နှလုံးသားက ခုန်လာတာ '
မိမိကိုယ်ကိုအားပေးပြီး အိပ်စက်ဖို့သာ ပြင်လိုက်တော့သည်
ညကတော်တော်ရှည်ကြာတာပဲ ကျွန်တော်အခုထိအိပ်မပျော်သေးပါလား

My CelloWhere stories live. Discover now