04

674 109 4
                                    

ရှေ့မှဦးဆောင်သွားနေသော ရှောင်းကျန့်က အတွေးထဲနစ်မျောနေဟန်။ ဝမ်ရိပေါ်က စကားတစ်ခွန်းမှမဆို သူ့ရဲ့နဂိုခပ်တည်တည်ရုပ်ဖြင့်သာ ညွှန်ရာသွားနေသည်။ ရှောင်းဝမ်က ငြိမ်ကျနေသောရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးတဲ့နောက် သူ့ရဲ့နားထင်နေရာကို လက်ညိုးနဲ့အသာကုတ်ရင်း စဥ်းစားဟန်ပြုသည်။

ရှောင်းလောင်ရှီး ဘာများဖြစ်နေလို့ပါလိမ့်။ အနေအေးတဲ့ထဲပါပေမဲ့ ရှောင်းဝမ်နဲ့ဆို ရှောင်းလောင်ရှီးက စကားပြောဖော်ပင်။ ပါတနာနှစ်ယောက်ထဲအနက် ရှောင်းဝမ်နဲ့ရှောင်းလောင်ရှီက စကားအပြောအဆို အများဆုံးရှိကြသူများဖြစ်သည်။

လင်ဟယ့်ကတော့ စလက်တွဲလုပ်တည်းက အေးစက်စက်ပင်။ ရှောင်းဝမ်နဲ့ဆို စကားတစ်ခွန်းတစ်လေ ပြောဖြစ်ကြသလောက် ရှောင်းလောင်ရှီးကိုတော့ လင်ဟယ့်က ခပ်တန်းတန်းပဲဆက်ဆံသည်။ အကြီးဖြစ်နေသည့်တိုင်အောင် လင်ဟယ့်က ဂရုစိုက်ဟန်မပြ။

"လင်ဟယ့်.."

လင်ဟယ့်နားကပ်လို့ တိုးညှင်းစွာခေါ်ဆိုလိုက်တဲ့ သူ့ရဲ့နာမည်။ လင်ဟယ့်ရဲ့မျက်လုံးများက ဘေးတွင်နီးကပ်စွာရှိနေသော ရှောင်းဝမ်ဆီသို့ မသိသာရုံ စောင်းငဲ့ကြည့်လာခဲ့သည်။ ခန္ဓာကိုယ်လှုပ်ရှားမှု ကြီးမားစွာမရှိသည့်တိုင် မျက်လုံးအကြည့်များကတော့ နူးညံ့ညင်သာလွန်းလှသည်။

"ရှောင်းလောင်ရှီး ဘာဖြစ်နေတာလဲမသိဘူး"

လင်ဟယ့် ရှောင်းကျန့်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ စောနကအချိန်နှင့် ခြားနားစွာ အကြည့်များသည် စူးရဲလျက်။ လင်ဟယ့် နှုတ်ခမ်းတွန့်ရုံလေး ပြုံးမိသွားသည်။ သူ့ရဲ့ပုံစံသည် ရဲတင်းပြီး မထီမဲ့မြင်ပုံလည်း ပေါက်နေလိမ့်မည်။

"အာ....ဟုတ်လား"

လင်ဟယ့်ရဲ့ခွန်းတုံ့ပြန်မှုကို ရှောင်းဝမ်က မျက်စောင်းထိုးလို့ကြည့်လာသည်။ သူ ဘယ်လိုပါတနာနဲ့များ လာတွေ့နေတာပါလိမ့်။

"လင်ဟယ့် မင်း နည်းနည်းတော့ ရှောင်းလောင်ရှီးကို လေးလေးစားစားရှိပေးပါ"

𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖Where stories live. Discover now