12

276 49 0
                                    

အချိန်လည်း အတော်လင့်နေပြီ။ ကောင်းကင်ရပ်မှ ကြယ်စင်ဖြာတို့မှာ ညဥ့်နက်လာသည်နဲ့အမျှ ပိုလို့လင်းလက်လာသယောင်ရှိသည်။

ရှောင်းကျန့် အေးအေးသက်သာစွာဖြင့် နန်းတော်ပြန်သည့်လမ်းမကို လျှောက်လမ်းနေမိသည်။ ညလေသည် မက်မွန်ပန်းတို့ဖြင့် သင်းပျံ့လျက်ရှိသည်။ စိမ့်စမ်းသောလေသည် ရှောင်းကျန့်ရဲ့စိတ်အစဥ်ကို ကြည်လင်လာစေသည်။

ဝုန်း....

ပစ္စည်းများပစ်ချ ပြုတ်ကျသံကြောင့် ရှောင်းကျန့် ပတ်ဝန်းကျင်ကို စူးစမ်းမိတော့သည်။ ရှောင်းကျန့်သာမက အနီးမှလူများလည်း ထိုအသံကို ကြားလိုက်ပုံကြောင့် ဘေးဘီဝဲယာကို အကဲခတ်နေကြသည်။

"ရပ်လိုက်..."

ထောင့်ဖြတ်လမ်းမှ လူတစ်ယောက် ပြေးသွားသည်။ ထိုလူသည် ပစ္စည်းများကို ကောက်ယူလို့ အနောက်ဘက်ကို လှမ်းလှမ်းပစ်သည်။ ထိုသူရဲ့နောက်တွင် ရှောင်းဝမ်က အမှီပြေးလိုက်လို့နေသည်။ မျက်စိရှေ့မှာပဲ သူ့ရှေ့က ဖြတ်ပြေးသွားသောရှောင်းဝမ်ကြောင့် ရှောင်းကျန့် ​မျက်မှောင်ကြုံ့မိတော့သည်။

"ရှောင်းဝမ်...!?"

စိတ်မချနိုင်သောခံစားချက်ကြောင့် အိမ်ရှေ့စံဖြစ်သောရှောင်းကျန့်မှာ နည်းနာကျင့်ဝတ်တွေကို ဂရုမစိုက်နိုင်တော့ဘဲ ရှောင်းဝမ်နောက်မှ ပြေးလိုက်မိတော့သည်။

သန်မာ​ဖြတ်လတ်သော ယောက်ျားပျိုတစ်ယောက်ရဲ့ ပြေးနိုင်စွမ်းအားသည် အနည်းဆုံး မြင်းကောင်ရေပြေးအားတစ်ကောင်နဲ့ ညီမျှနေနိုင်သည်။ ရှောင်းကျန့်သည် ဈေးတန်းမှပြည်သူများကို အတတ်နိုင်ဆုံးမထိအောင် ရှောင်ကွင်း၍ ရှောင်းဝမ်နောက်သို့ လိုက်နေရသည်။

ဂရုစိုက်နေသည့်ကြားမှပင် ကံကြမ္မာက အလိုမလိုက်စွာဖြင့် လူတစ်ယောက်ကို တွန်းတိုက်မိတော့သည်။ ရှောင်းကျန့် သူ့ပြေးအားကို သူ သိသည်။ အရှိန်နဲ့ဖြစ်သောကြောင့် တွန်းတိုက်ခံရသူမှာ ယောက်ျားလေးဖြစ်စေကာမူ အနောက်သို့လှန်ကျနိုင်သည်အထိ ပြင်းသည်။

သို့သော် အနက်ရောင်အပြည့် ဝတ်ဆင်ထားသော ထိုသူမှာ အနောက်မလဲကျသည့်အပြင် အရှိန်နဲ့ပြေးလာသောရှောင်းကျန့်ကို ဆီးကြိုပွေ့ဖက်လို့ ကိုယ်ဟန်ထိန်းညှိပေးလိုက်သေးသည်။ ရင်ဘတ်ကို ဝင်တိုက်မိသောရှောင်းကျန့်မှာ သေတ္တာလေးထဲ အထည့်ခံရသော လေးထောင့်ပုံအန်စာတုံးလေးလို ကွက်တိကျစွာဖြင့်။ ရလဒ်အနေဖြင့် ထိုလူကိုင်ထားသော ဆန်မုန့်အဆာသွပ်မှာ မြေပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားရတော့သည်။

𝑉𝑒𝑛𝑖 𝑉𝑒𝑑𝑖 𝐴𝑚𝑎𝑣𝑖Where stories live. Discover now