Part 10

70 6 0
                                    


🤍 : အန်တီတို့ရောက်ကြပြီလား ထိုင်ပါအုန်း

Nuk : မင်းကဘာလို့ငါတို့ကိုခေါ်ရတာတုန်း

🤍 : သိရမှာပါ ကျွန်မက စာရေးဆရာမ Summy ပါ။ အခုအန်တီတို့ကိုပြောချင်တာက အန်တီတို့သားတွေအကြောင်းပါ။ သူတို့လည်းမကြာခင်ရောက်လာပါလိမ့်မယ်။

🖤❤️💙💚 : MAE!!!!!!!

🤍 : ထိုင်ကြ

❤️ : နင်..နင်ကဘာလို့..

🤍 : ရှူးးးးး နင်တို့အကြောင်းတွေကိုသိလို့ နင်တို့က ယောင်္ကျားလေးအချင်းချင်း ကြိုက်ရမှာကို ပတ်ဝန်းကျင်က စိတ်ခုနေတယ်မလား။ ဟိုမှာတည်းက နင်တို့ကိုစောင့်ကြည့်ခဲ့တာ။ Mean ပြောပြခဲ့တာသိလား။နင်တို့နည်းတူ နင်တို့မိဘတွေကလည်း နင်တို့ကို ပတ်ဝန်းကျင်က ကဲ့ရဲ့မှာစိုးနေတာ။ ငါကအခု Canada မှာ တက်သစ်စ စာရေးဆရာမလေးဖြစ်နေပြီ။ အဲ့တော့ နင်တို့ ၊ အန်တီတို့ကို ပတ်ဝန်းကျင်ဆိုတာ အရေးမပါ‌ကြောင်းပြောချင်လို့ ။

Saint တို့လေးယောက်သားသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၍ မိဘတွေမှာ မျက်နှာမကောင်းကြပေ။ မျက်ဝန်းလေးများကိုသာ ကြည့်နိုင်ရင်သိလိမ့်မည်။
သူတို့သည် Summy ပြောတာကို ဂရုတစိုက်နားထောင်နေကြသည်။

🤍 : ဒီမှာ လူတော်တော်များများဟာ ကိုယ့်မှာရှိတယ့်အခက်အခဲတစ်ချို့ကိုနားမလည်တာ
မင်းတို့ရဲ့ ကြီးမားတယ့်သံယောဇဉ်ရှိတာကို ကဲ့ရဲ့ကြတာ။ မင်းတို့အဲ့တာတွေကို ဂရုစိုက်စရာမလိုဘူး။ တကယ်လို့နင်တို့ဟာလူအများထင်မြင်ချက်ကိုကြောက်တယ့်လူတွေဆိုရင် နင်တို့ချစ်သူတွေကို မယုံကြည်လို့ဘဲ။ နင်တို့တကယ်ချစ်ရင် ကိုယ့်ချစ်သူလက်ကို မလွတ်စတမ်း ကိုင်ပြီး ရဲရဲဝင့်ဝင့်ရင်ဆိုင်။ ဘယ်သူတွေဘာဘဲပြောပြော စောက်ဂရုစိုက်စရာမလိုဘူး။  တည်ငြိမ်ခြင်းဟာ လူကို အမှန်တကယ် လွတ်လပ်စေတယ်။ တည်ငြိမ်မှုဟာ မင်းတို့ရဲ့ သတိနဲ့အာရုံကိုပိုပြီး အလေးထားစေတယ်။ ကိုယ့်စိတ်နဲ့ အရေးပါတယ့်သူတွေကို ပိုပြီး သတိထားမိစေတယ်။ အရေးမပါတာတွေကို ဂရုမစိုက်တော့ဘူး။ မင်းတို့ရဲ့ခံစားချက်ကို ပိုပြီး ရဲရင့်စေတယ်။ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ရဲ့စိတ်ထဲမှာ အရေးမပါတယ့်ဟာတွေကို စိတ်မဝင်စားတော့လို့ဘဲ။ ငါတို့ဆို ငါ့ရဲ့မိဘတွေက သဘောမတူဘူး။ ဆွေမျိုးတွေ ၊ အသိုင်းအဝိုင်းတွေကလည်း ရစရာမရှိအောင်ကဲ့ရဲ့ကြတယ်။ဒါမယ့်ဘာဖြစ်လဲ။ ငါမှ ဂရုမစိုက်တာ။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်လို့ချစ်သူ့ လက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ပြီး ရင်ဆိုင်တော့ အောင်မြင်မှုတွေ ၊ ချီးကျုးမှုတွေဟာ ရစမြဲဘဲ။ အန်တီတို့ကိုလည်းပြောချင်တယ်။ သမီးတို့‌ကို ဆုံးမသွန်သင်မယ့်သူတွေမရှိတော့ဘူး။ ထောက်ခံပေးမယ့်သူတွေမရှိတော့ဘူး။ အန်တီတို့သားလေးတွေကို အားမငယ်စေချင်ရင် ကိုယ်တိုင်ကို အားပေးပြီး သူတို့ဘက်ကနေအမြဲ ကာကွယ်ပေးနိုင်ရမယ်လေနော်။ လက်လွှတ်လိုက်ရမယ့်အရာတွေကိုလည်း မစိုးရိမ်ရတော့ဘူး။ ကိုယ့်မှာရှိတယ့်သူတွေဟာ တကယ်ကို အရေးပါတယ့်သူတွေလို့သတ်မှတ်လိုက်ပြီမလား။
တည်ငြိမ်မှုဟာ ဘာကိုမှ အလေးမထားစေတာဘဲ။ အဲ့တာကြောင့် မင်းတို့အတွက် အသက်တမျှ အရေးပါတယ့်သူတွေကိုဘဲ ဦးစားပေးဖြစ်သွားမယ်။ အရေးမပါတာတွေကို ဂရုစိုက်လိုက်ခြင်းဟာ မင်းတို့ရဲ့ သံယောဇဉ်ကြိုးလေးတွေကို မင်းတို့ကိုယ်တိုင် ဖြတ်ပစ်လိုက်တာနဲ့ အတူတူဘဲ။ကိုယ့်ခံယူချက်နဲ့ လွဲနေတယ့် အရာတွေကို ကျောခိုင်းလိုက်ရင် ရလေရလေ အိုတစ္ဆေ မဖြစ်တော့ဘူး မဟုတ်လား။ အဲ့တာကြောင့် အန်တီတို့ မင်းတို့ကို ငါက အစ်မတစ်ယောက်‌‌အနေနဲ့ သမီးတစ်ယောက်အနေနဲ့ ' ဂရုမစိုက်ခြင်း ' ဆိုတယ့်ဆောင်ပုဒ်လေးကိုရှင်းပြလိုက်တာဘဲ။

😈 The Two Of Human's Destiny 😈Where stories live. Discover now