Uni
=======
စနစ်ရှင်ရဲ့ ကံကြမ္မာ
အပိုင်း (၄၁) ညဧည့်သည်
ဘာသာပြန်စာရေးဆရာ - Mr. Bigshot"ပင်--"
နန်ယုရှင်းသည် ဒေါသတထွက် နေသော နီလာရောင် မျက်နှာဖြင့် မြေပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ဘေးနားရှိ အစေခံသည် အလွန်ကြောက်လန့်သွားပြီး သူမအား နှစ်သိမ့်ရတော့သည်။
"သူဘာလို့ ငါ့အပေါ် အရမ်းအေးစက်စက်နိုင်ရတာလဲ"
"ငါသူ့ကိုနှောင့်ယှက်နေတာမှ မဟုတ်တာကြီးကို။ ငါက သူ့အကြောင်းကို သိချင်ရုံလေးပါ"
"ငါတစ်ခါမှတောင် ယောက်ျားတစ်ယောက်ဖက်တာကို ခံဖူးတာမဟုတ်ဘူး!"
နန်ယုရှင်း ခုံပေါ်တွင် တက်ထိုင်လိုက်ကာ ဒေါသများကို ဖောက်ခွဲထုတ်တော့သည်။ သူမ ဘေးတွင်ရှိသော အစေခံများသည် အံ့အားသင့်သွားကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ ကျန်းသခင်လေးဟုတ်စ?
နိုင်ငံ့မဟာစစ်သူကြီးစံအိမ်တော်၏ အစေခံများအနေဖြင့် ကျန်းသခင်လေး၏ နာမည်အား သူတို့ ကြားဖူးကြသည်။ သူတို့မိသားစု၏ သခင်မလေးသည် ကျန်းသခင်လေးဆီသို့ သွားခဲ့ပြီး ဒေါသတကြီးပြန်လာမည်ဟု မထင်ထားကြပေ။
ကျန်းသခင်လေးသည် သူတို့ သခင်မလေး၏ သရုပ်မှန်ကို မသိဘူးပေလော?
အစေခံများ တိတ်တဆိတ် ပဟေဠိဖြစ်နေကြသည်။ ကောင်းကင်လနိုင်ငံရှိ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းသားများသည်ပင် နန်ယုရှင်းအားမြင်သောအခါ တရိုတသေ လေးလေးစားစား နှုတ်ဆက်ရသည်။ အဆုံးတွင် နန်ယုရှင်းသည် သေမျိုးစွန့်ခွာခြင်းနယ်ပယ် စွမ်းအားရှင်တစ်ဦး၏ သမီးဖြစ်သည်။
သေမျိုးစွန့်ခွာခြင်းဟူသည့် စကားလုံးမှာ အရာအားလုံးအားဖြေရှင်ရန် လုံလောက်လေသည်!
"ဘယ်သူက ငါ့ရဲ့ အဖိုးတန် သမီးလေးကို ဒေါသထွက်အောင်လုပ်လိုက်တာလဲ"
ဤသို့ဖြင့် အိမ်တော် အပြင်ဘက်မှ ရယ်မောသံနှင့်အတူ သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် အခန်းထဲသို့ နဂါးတစ်ကောင်လို ကျားတစ်ကောင်လို ၀ငျလာခဲ့သညျ။ သူသည် ၂ မီတာ အရပ်ရှည်ပြီး ကျားတစ်ကောင်ရဲ့ ကျောနှင့် ၀ကျဝံတဈကောငျ၏ ခါးမျိုးရှိသည်။ မျက်ခုံးထူထူနှင့် ကြီးမားသော မျက်လုံးကြီးများရှိပြီး အနက်ရောင် ဖျင်ချည်အင်္ကျီ ကို၀တ်ဆင်ထားသည်။ သူ့မျက်လုံးအတွင်းမှ ထွက်နေသော အေးစက်စက် အရှိန်အဝါများသည် လူတစ်ယောက်အား အေးစိမ့်သွားစေနိုင်နေသည်။
YOU ARE READING
The strongest myth system(1-200)
AdventureFb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။