77

1.1K 129 1
                                    

Uni
=======
စနစ်ရှင်ရဲ့ ကံကြမ္မာ
အပိုင်း (၇၇) ခရီးစတင်ခြင်း
ဘာသာပြန်စာရေးဆရာ - Mr. Bigshot

"စတုတ္တညီတော်နေကောင်းကျန်းမာရဲ့လား"

ချင်ကျန်းခေါင်းညိတ်ပြလိုက်သည်။ ချင်ယွီကိုတော့ သူတိုက်ရိုက် လစ်လျူရှုထားခဲ့၏။ အင်ပါယာဆရာ ကျားရွှမ်ကို သူပြောလိုက်သည်:
"အင်ပါယာဆရာကျား... ကျုပ်ခင်ဗျားတို့ကို စောင်နေမိသွားပြီလား"

ကျားရွှမ်နှင့် သူ့အကြားတွင် ယခင်က ကတောက်ကစအနည်းငယ်ရှိခဲ့သောလည်း ကျားရွှမ်၏ ပေးဆပ်မှုမှာ အလွန်များပြားလှသည်ကိုတော့ သူပြောရမည်။ မဟုတ်ပါက ကောင်းကင်လနိုင်ငံမှာ ဧကရာဇ်ကန်းလက်ထက်တွင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။

နိုင်ငံတစ်နိုင်ငံမှာ အစားအစာ၊ အရင်းအမြစ် အစရှိသည်တို့အတွက် တိုက်ခိုက်ပေးရသည်။ စည်းချက်အတိုင်းသွားချင်သည်ဆိုပါက ကူလီတစ်ယောက်၏ အပေါ်တွင်သာမူတည်သည်။ ထို့ကြောင့် ကွေ့ထိုင်မင်အန်မှာအုတ်မြစ်ခိုင်မာသော နိုင်ငံဖြစ်နေရခြင်းဖြစ်သည်။

"ယွဲ့ဘုရင်ကတော့ယဉ်ကျေးနေပါပြီ... လူတိုင်းဒီနေရာကိုရောက်ပြီဆိုမှတော့ ကျုပ်တို့ ခရီးစကြစို့လား"

ပြုံး၍ ကျားရွှမ်ပြောလိုက်သည်။ နိုင်ငံတစ်ခု၏ တော်၀င်မိသားစုအနေဖြင့် သာမန်အားဖြင့် လမ်းလျှောက်သွား၍မဖြစ်သောကြောင့် တန်ဖိုးကြီးသော မြင်းလှည်းလေးစီးကို ကျားရွှမ်အသင့်ပြင်းထားသည်။ ဤသို့ဖြင့် လူလေးဦး မြင်းလှည်းအသီးသီး ဆီသို့ လျှောက်သွားလိုက်ကြသည်။

နောက်ဆုံးမြင်းလှည်ကို ချင်ကျန်းရွေးချယ်လိုက်ပြီး တကျီ၏ လက်ကိုဆွဲကာ လျှောက်သွားလိုက်သည်။ သူ့နောက်မှာ မဟာကောင်းကင်ခွေး လိုက်ပါသွားသည်။

"ဟက်! ပုန်းကွယ်နေသော နဂါးစုရုံးပွဲကိုသွားတာ မိန်းမတစ်ယောက်ကို ခေါ်သွားတယ်တဲ့... တဏှာရာဂကတော့!"

ချင်ယွီ အေးစက်စက် နှာရှုံ့ပြီးပြောလိုက်သည်။ ဘေးနားမှ ချင်ယွီလည်း တကျီကို စိုက်ကြည့်နေလိုက်သည်။ နိုင်ငံကို ကပ်ဘေး ဖြစ်စေသော တကျီ၏ ပြိုင်ဘက်ကင်းသောအလှမှာ လူများကို အကြည့်လွှဲ၍ မရအောင် ပြုလုပ်နေသည်။

The strongest myth system(1-200)Tempat cerita menjadi hidup. Temukan sekarang