Uni
====
စနစ်ရှင်ရဲ့ ကံကြမ္မာ
အပိုင်း (၂) လူတိုင်းကိုရိုက်၊ဒါပေမယ့်မသတ်နဲ့၊ ငါလက်နဲ့ကိုယ်တိုင်သတ်မယ်
ဘာသာပြန်စာရေးဆရာ - Mr.Bigshot"နင်တို့လူဆိုးတွေ ငါ့သခင်ကို ဖမ်းထားရဲတယ်ဆို တော့၊ နင်တို့ကို ငရဲပို့ဖို့က မှန်ကန်တဲ့ကိစ္စရပ်ပဲဖြစ်မယ်ထင်တယ်"
တကျီးက အစောင့်တွေကို လှပတဲ့အပြုံးလေးဖြင့်ပြောလိုက်တယ်။ သူမရယ်မောနေတာဖြစ်သော်ငြားလည်း၊ သူ့စကားလုံးများက လူအများကို အေးစက်စက်ခံစားရစေတယ်။
ချင်ကျန်း တကျီး၏ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တယ်၊ လှပလွန်းပေစွ၊ သူအရင်ဘ၀က တီဗီ ဖန်သားပြင်ပေါ်က အမျိုးသမီး ကြယ်ပွင့်တွေတောင် သူမကို မယှဉ်နိုင်ဘူး။ ပြောရရင် တူညီတဲ့အဆင့်မှာကိုမရှိတာ၊ ဖွဲနဲ့ ဆန်ကွဲပဲ။
"ဖယ်စမ်း! မင်းကဘယ်သူလဲ၊ နိုင်ငံအစောင့်အရှောက်တွေကိုတားဆီးဝံ့တယ်ပေါ့!"
အစောင့်ခေါင်းဆောင်က လေးပင့်စွာပြောလိုက်တယ်။ တကျီးရဲ့အလှကြောင့်သူ အံ့ဩဘနန်းဖြစ်ရပေမယ့်၊ သူလိုတာထက် ပိုပြီ သတိရှိနေခဲ့တယ်။
တကျီးဆီကနေထွက်ပေါ်နတဲ့ စွမ်းအားမြင့် အရှိန်အဝါတွေကသူ့ကို တုန်လှုပ်စေတယ်။ မသိရင် နိုင်ငံ့မဟာ ဗိုလ်ချုပ်ကြီးနဲ့ ရင်ဆိုင်နေရသလိုလို။
ဗလာအသွင်ပြောင်ခြင်းနယ်ပယ် ပဉ္စမအလွှာ!
ချင်ကျန်းဗလာအသွင်ပြောင်းခြင်းနယ်ပယ်ကိုမကြားခဲ့ဖူးဘူး၊ ကောင်းကင်လနိုင်ငံရဲ့အစွမ်းအထက်ဆုံးသူက သေမျိုးစွန့်ခွာခြင်း နယ်ပယ်မှာပဲရှိနေတာကြောင့်လည်း ဖြစ်တယ်။
စွမ်းအင်ကျင့်ကြံခြင်းအဆင့်တွေကို ချီသန့်စင်ခြင်း၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၊ ရွှေရောင်ဗဟို၊ သေမျိုးစွန့်ခွာခြင်း၊ ဆိုပြီးခွဲခြားထားပြီးတော့ နယ်ပယ်တစ်ခုချင်းဆီတိုင်းမှာ အလွှာ ၉လွှာထက်ခွဲတယ်။ ကောင်းကင်လနိုင်ငံရဲ့ အသန်မာဆုံးပုဂ္ဂိုလ်က သေမျိုးစွန့်ခွာခြင်းနယ်ပယ် ပထမ အလွှာမှာ ရှိနေတဲ့ နန်းမင်ဖြစ်တယ်။ သူက ဓားတစ်ချက်တည်းနဲ့ မီတာ၁၀၀မြင့်တဲ့တောင်ကို ဖျက်ဆီးနိုင်တယ်၊ သူ့ဒဏ္ဍာရီတွေက နိုင်ငံတော်တစ်ခုလုံးမှာပြန့်နှုန့်နေပြီး၊ အခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ထိတ်လန့်စေခဲ့တယ်။
KAMU SEDANG MEMBACA
The strongest myth system(1-200)
PertualanganFb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။