Uni
=======
စနစ်ရှင်ရဲ့ ကံကြမ္မာ
အပိုင်း (၅၆) ချွေးမ
ဘာသာပြန်စာရေးဆရာ - Mr. Bigshot"စစ်သူကြီးကွမ်းက ကျောက်စိမ်းမြို့တော်ကို စောင့်ရှောက်ဖို့ အသင့်တော်ဆုံးလူဘဲ"
မျက်နှာတွင် အပြုံးတစ်ခုဆင်မြန်းရင်း ဧကရာဇ် ကန်းပြောလိုက်သည်။ သို့ရာတွင် သူ့အပြုံးသည် ကျူးယီရှစ်၏ မျက်လုံးထဲတွင်တော့ လှောင်ပြောင်သလိုဖြစ်နေသည်။
ဒါက လူတွေကို အထင်သေးတာဘဲ
ကျူးယီရှစ်ဒေါသထွက်သွားသည်။ နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ အနိုင်ရရှိသူ၏ စကားအား ရှုံးနိမ့်သူက နားထောင်ရမည်ဟုဖြစ်သည်။ လွန်ခဲ့သောငါးနှစ်က သူတို့ လပြာနိုင်ငံ၏ သံတမန်သည် ကောင်းကင်လနိုင်ငံအား ဤကဲ့သို့ ဖိအားပေးခဲ့လေသည်။
"ကျောက်စိမ်းမြို့တော်ကို ငါသွားစောင့်ရှောက်ဖို့ ကိုမင်းတို့မှာညင်းစရာရှိရင်လည်း... ငါရဲ့မိုးပြာနဂါးသတ်ဓားကလည်း ညှာတာမှု ရှိ နေမှာမဟုတ်ဘူး" ကွမ်းယွီပြောလိုက်သည်။ ကွမ်းယွီသည် စစ်တပ်ထဲသို့၀င်ကာ နန်မုန့်၏ ဩဇာအာဏာကို ဖြိုဖျက်ရမည်ကို ချင်ကျန်းနှင့် သူ ဆွေးနွေးကြပြီးသားဖြစ်သည်။
တော်၀င်မြို့တော်မှ ချင်ကျန်းအတွက်တော့ တကျီနှင့် မဟာကောင်းကင်ခွေးတို့က ကျန်နေခဲ့ပြီး ကာကွယ်ပေးကြမည်ဖြစ်သည်။
မဟာကောင်းကင်ခွေး တိုက်ခိုက်တာကို သူတစ်ခါမှမြင်ဖူးသော်ငြား အကယ်၍ ဤ ခွေးမည်းကြီးသာ တိုက်ခိုက်လိုက်လျှင် မြေကမ္ဘာ အင်မော်တယ် နယ်ပယ် အစွမ်းများထွက်ပေါ်လာပြီး တကျီနှင့် ကွမ်းယွီတို့ကို သတ်ခြင်ပါက သတ်ကောင်း သတ်နိုင်သည်ကို သူသိသည်။
ဤသို့ပြောပြီးသောအခါ ကျူးယီရှစ်နှင့် သူ၏ အဖွဲ့တို့ ဆက်လက်ငြင်းဆိုနေပါက ကောင်းကင်နန်းဆောင်ထဲမှ သူတို့ ယနေ့ပြန်ထွက်နိုင်တော့မည် မဟုတ်သည်ကိုသိလိုက်ကြသည်။
ချက်ချင်းဘဲ ကျားရွှမ်နှင့် ကျူးယီရှစ်တို့ သဘောတူညီမှုစာချုပ်တွင် လက်မှတ်ထိုးလိုက်ကြသည်။ ဤကမ္ဘာကြီးတွင် စာရွက်စာချုပ်များသည် အလွန်အရေးပါသည်။ အကယ်၍ နိုင်ငံက ချိုးဖောက်ခဲ့ပါက ချိုးဖောက်သည့် ထိုနိုင်ငံကို နိုင်ငံများက စုပေါင်း၍ တိုက်ခိုက်ကြမည်ဖြစ်သည်။
YOU ARE READING
The strongest myth system(1-200)
AdventureFb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။