6 (uni)

1.3K 107 8
                                    

'' သား.. ထ ထ.. ဆေးထည့်ရအောင်နော်.. ''

'' ဟုတ်ကဲ့..အန်ကယ်.. ဒါနဲ့..အန်ကယ်.. ကျနော်
မေးချင်တာလေးတွေ ရှိလို့.. ''

'' အန်ကယ် ဖြေနိုင်တယ့် ကိစ္စဆိုရင်တော့
ဖြေနိုင်ပါတယ်.. ''

'' ဟုတ်.. ဂျောင်ဂုက ဘာလို့ ဒီလိုဆိုးသွမ်း
နေတယ့် လူဖြစ်နေရတာလည်း.. ''

'' ဒါလား... ဒီလိုကွဲ့.... ဂျောင်ဂုရဲ့ မိဘတွေက
မိဘတွေ ပေးစားလို့ယူခဲ့ကျတာလေ..
ဂျောင်ဂုကိုရောပဲပေါ့..မိဘတွေရဲ့ ဖိအားပေးမှု
ကြောင့် ယူခဲ့ရတာ..
အဲ့တာကြောင့် သူ့မိဘတွေက သူ့ကို မချစ်ဖူး
လေ..''

'' အော်.. ''

'' ပြီးတော့..ဒီအိမ်ကြီးမှာက သူတယောက်တည်း
ငယ်ငယ်တည်းကနေလာတာလေ...
ပြီးတော့ သူပြဿနာရှာတိုင်း သူ့မိဘတွေက
လာရှင်းရတယ်လေ..
အဲ့တာကြောင့် သူက အမြဲဆိုးနေတာပေါ့..''

'' အခု သူ့မိဘတွေရော.. ''

'' သူ့မိဘတွေက မရှိတော့ဖူးကွဲ့... လွန်ခဲ့တယ့်
၂ နှစ်လောက်က ယာဥ်မတော်တဆမှု နဲ့
ဆုံးသွားတာ..''

'' ကြာပြီပေါ့.. ''

'' အင်း..အဲ့ကလေးက အချစ်ကို ငတ်နေတာပါ..
မိဘတွေရဲ့ အချစ်လည်း မရခဲ့ဖူးလေ..
သူချစ်တယ့်လူဆိုရင် သူအပိုင်ရမှ
ကျေနပ်တယ့် ကလေးပေါ့..
သူ့ဆီမှာ ဖွင့်မပြောတယ့် စိတ်ဒဏ်ရာတွေ
အများကြီးမို့လို့..သားကပဲ ခွင့်လွှတ်ပေးပါလို့
အန်ကယ်ကပဲ..တောင်းဆိုပါတယ်..သားရယ်...''

'' ပြောပြပေးလို့ ကျေးဇူးပါ.. အန်ကယ်.. ''

'' ရပါတယ်.. ''

****************
ဂျောင်ဂုဆီမှာ ဒီလိုမျိုး စိတ်ဒဏ်ရာတွေ ရှိခဲ့မယ်
ဆိုတာ မထင်ထားခဲ့ဖူး..
ဒီတိုင်း မိဘက ချမ်းသာလို့ ဆိုးသွမ်းနေတယ်
လိုပဲ ထင်ခဲ့မိတာ...

'' အန်ကယ်..ခုနက စာချုပ်ကော.. ''

''အော်. အန်ကယ့်ဆီမှာ ရှိတယ်.. ''

ချစ်ခြင်းဆိုသည်မှာ (complete) Where stories live. Discover now