7 (zawgyi)

508 23 6
                                    

နာကျင်မှု များစွာနဲ့ နိုးထလာခဲ့တယ့် နံနက်ခင်း
သူနိုးတည်းက တခုပဲ တွေးမိတာက
ငါ ဘာကြောင့် နာကျင်နေရတာလည်းတဲ့...

ဂျွန်ဂျောင်ဂုဆိုတယ့် လူသားကြောင့်များလား..
ဒါမှမဟုတ် ချုပ်ချယ်ခံရလို့များလား..

လားများစွာနဲ့.. သူနောက်ဆုံးတွေးလိုက်တာကတော့...
ငါ ချုပ်ချယ်ခံရလို့.. ငါ့ဘဝကိုငါ လွတ်လွတ်လပ်လပ် မဖြတ်သန်းရလို့ဆိုတယ့်
ခေါင်းစဉ်အောက်မှာ ထားလိုက်တယ်...

တကယ်တော့ အဲ့တာကြောင့် မဟုတ်မှန်း ကိုယ်
တယောက်တည်းသာ သိသည်မလား...

အတွေးလွန်နေတာတွေကို ဖယ်ရှားပြီး
အောက်ထပ်ကို ဆင်းသွားလိုက်တယ်...

***************
'' သား..နိုးပြီလား..အန်ကယ်မနက်စာ ပြင်ပေး
ရတော့မလား.. ''

'' အာ..မဟုတ်တာ..ကျနော့်ဘာသာလုပ်ပါ့မယ်.. ''

'' မဟုတ်တာကွယ်.. သားက ဧည့်သည်လေ
အန်ကယ်က ဒီက အိမ်တော်ထိန်း
အန်ကယ်ပဲ လုပ်ပေးပါ့မယ်.''

'' မဟုတ်တာ..အန်ကယ်ရာ.. ကျနော်က လက်မှတ်...''

'' ထားလိုက်ပါ..ဦးလေးကင်ရာ သူအဲ့လောက်တောင် လုပ်ချင်နေရင် အိမ်ဖော်လုပ်ခိုင်းလိုက်.. ''

ထိုစကားပြောသံနှင့်တကွ ကောင်မလေးရဲ့ခါးကို
ဖက်ပြီး အောက်ထပ်ဆင်းလာတယ့်
ဂျောင်ဂု..

ဂျောင်ဂုကို တခြားမိန်းကလေးနဲ့ မြင်တော့
ငါ..ငါ...ဘာလို့ ရင်ဘတ်တွေ နာနေရပါလိမ့်...
ဘာဖြစ်လို့များလည်း..

*************
'' daddy.. အဲ့တာက အိမ်ဖော်လား..''

'' အင်းလေ... ဒီနေ့က စပြီးဖြစ်သွားတာ..
ဟုတ်တယ်မလား.. ကင်ဆော့ဂျင်ရှီ..''

'' ဟုတ်ပါတယ်.. ဂျွန်ဂျောင်ဂုရှီ.. ''

'' ဘယ်လိုခေါ်လိုက်တယ်.. ''

'' ဂျွန်ဂျောင်ဂုလို့ ခေါ်လိုက်တာပါ.. ''

'' နောက်ခါ မှတ်ထား.. သခင်လေးလို့ ခေါ်ရမှာ..
ဒါမှမဟုတ် daddy လို့ခေါ်ချင်လား.. ဟမ်...''

'' ဘာကွ... မင်း.. ''

'' အော်တယ်... မင်းသခင်ကို ပြန်အော်နေတာလား.. ဟမ်.. ''

'' အေးကွာ... အော်တယ်ကွာ... ဘာဖြစ်ချင်လည်း.. ''

'' ဘာဖြစ်ချင်လည်း..ဟုတ်လား... အေး..
ဘာဖြစ်ချင်လည်း သိချင်ရင် ငါပြမယ်..
ခုတော့ မဟုတ်သေးဖူး.. ငါပြန်လာရင် ခင်များ
သေပြီသာမှတ်... ''

'' အသေသာ သတ်လိုက်... မြန်မြန်သေသွား
တော့ နားအေးတာပေါ့.. ''

'' ခင်များ.... ''

'' လာပါ.. daddy ကလည်း.. ဆိုမီတို့ သွားကျမယ်.. ''

'' အင်း... ''

****************
ဂျောင်ဂု ကျနော့်နားကနေ ဖြတ်လျှောက်သွားတော့ နားနားကို တိုးတိုးလေး ကပ်ပြောလိုက်တယ်..

'' ကျနော် ပြန်လာရင် ခင်များကို နာကျင်အောင်
လုပ်ပြမယ်... ''

ဂျောင်ဂုရာ... ဘာလို့ မင်း ဒီလောက်တောင်
ဆိုးသွမ်းသွားရတာလည်း..

ငါသိတယ့် ဂျွန်ဂျောင်ဂုဆိုတယ့် ကလေးက
ဒီလိုမဟုတ်ပါဖူး.....

'' သားရယ်.. သခင်လေးကို အဲ့လိုပြန်ခံမပြောပါနဲ့.. ''
ဆိုပြီး အိမ်တော်ထိန်းက ပြောလာတယ်..

'' သူက ကျနော့်ကို မဟုတ်မမှန်တာတွေကို
ပြောတာကိုး.. ''

'' ဒါပေမဲ့လေ.. သားဂျောင်ဂု လိမ္မာပါတယ်...
မိဘမေတ္တာကို မရခဲ့တာရော.. ဂရုစိုက်ပေးမယ့်
လူ မရှိတာကြောင့် ဆိုးသွမ်းနေတာပါ..
အဲ့တာကြောင့် သားကပဲ သည်းခံပေးလိုက်ပါကွယ်.. ''

'' ကျနော် သည်းခံနိုင်သလောက် သည်းခံပါ့မယ်.. ''
ဘာလို့ဆိုရင် ကျနော် သူ့ကို ချစ်မိနေတာလေ..
ထိုနောက်စကားကိုတော့ မပြောလိုက်...

အရေးကြီးတာက ဂျောင်ဂုကို ဘယ်လိုပြန်ပြုပြင်
ရမလည်း ဆိုတာပါပဲ...

ကုကီး... ငါမင်းကို ချစ်ပါတယ်..
ဒါပေမဲ့... မင်းရဲ့ ဒီလိုအကျင့်တွေကိုတော့
ငါမကြိုက်ဖူး...

ငါမင်းကို ပြန်ပြုပြင်ပေးပြီးမှ မင်းကို ချစ်တယ်လို့ ပြောပါ့မယ်...

ခုချိန်မှာတော့... မင်းကို ပြောမယ့်
ချစ်တယ်ဆိုတယ့် စကားက လျို့ဝှက်ချက်တခု..

**************

24.10.2021
1:57pm
ven....

fb ကနေ live ကြည့်မယ့် သူများသတိထားပေးပါ.. mention တွေအရမ်းမခေါ်ပါနဲ့...

တခြား ရပ်ကွက်ထဲက လူတွေလာပြီး cm ရင် အဲ့ comment box ထဲမှာ ရန်မသတ်ကျပါနဲ့...
rp များများထုပေးလိုက်ပါ...

မဟုတ်ရင် ဆပ်ပြာသည်လင်ပျောက်ဖြစ်မှာပါနော်...

live လေးတော့ ကောင်းကောင်းကြည့်ပါရစေကွယ်...

ကိုယ် ဒီ ၄ ရက်ပြီးရင်တော့ kookjin တွေလည်း
ထပ်ရေးဖို့ စဉ်းစားပေးပါ့မယ်...

ခုတော့ ဖုန်းအားသွင်းလိုက်အုန်းမယ်...

ချစ်ခြင်းဆိုသည်မှာ (complete) Where stories live. Discover now