Extra (uni)

2K 96 11
                                    

'' ရားးးးးးးးး ဂျွန်ဂျင်ဂု နဲ့ ဂျွန်ဂျောင်ဂု...
သစ်ပင်ပေါ် ဘာလို့တက်နေတာလည်း... ဟမ်
ခုချက်ချင်း ဆင်းလာခဲ့စမ်း.. ''

ပြောလိုက်တော့မှ ခြံထဲက အပင်ပေါ်ကနေ
မျက်နှာငယ်လေးတွေနဲ့ ဆင်းလာကျတယ်..

'' ပါးပါး.. ''

''တော်တန်တိတ်...ဂျွန်ဂျောင်ဂု မင်းပြောစမ်း..
မင်းက ကလေးထိန်းမယ်မကြံ ကလေးနဲ့
လိုက်ဆော့နေတယ် ဟုလား''

'' ဟို..ဟို.. ''

'' ဟိုမနေနဲ့... သွား..ဟိုနံရံနားကိုသွားပြီး
ဟိုဘက်လှည့်ပြီး ဒူးထောက်နေ.. ''

'' ဟီးဟီး.. ''
ဆိုတယ့် ဂျွန်ဂျင်ဂုရဲ့ ရယ်သံ..

'' ဟေ့ကောင် မင်းဘာရယ်နေတာလည်း.. ''
ဆိုပြီး အံကြိတ်လျက်နဲ့ ဂျောင်ဂုက
ဂျင်ဂုကို ပြောလိုက်လေရဲ့..

'' ဂျွန်ဂျင်ဂု...မင်းလည်းပါတယ်...
သွား...ဒူးထောက်နေ... မင်းတို့ ဒီနေ့ည ညစာ
မကျွေးဖူး... ''

'' ဟာ..''

'' ဟာ..''

သားအဖနှစ်ယောက်ရဲ့ သက်ပြင်းချသံ..

'' တော်... မဟာနဲ့... မင်းတို့ ညစာမကျွေးဖူး..
ပြီးတော့ ဂျွန်ဂျောင်ဂု မင်း ဒီနေ့ည စာကြည့်ခန်း
ထဲမှာ အိပ်...ဒါပဲ..''

**************
'' ဂျွန်ဂျင်ဂု....အဲ့တာ မင်းကြောင့်..''

'' ဘာကို ကျနော့်ကြောင့်လည်း.. daddy ပဲ
အပင်ပေါ်တက်ရင် ကောင်းမယ်ဆို..''

'' ငါက ကောင်းမယ်ပဲ ပြောတာလေ... တက်မယ်
ပြောလား..ဟမ်''

'' မသိဖူး... အဲ့တာ daddy ကြောင့်.. ''

'' မင်းကွာ..မင်းကြောင့် ငါညစာငတ်ပြီကွ.. ''

'' daddy တယောက်တည်း ငတ်တာမဟုတ်ဖူး
ဗျ... ကျနော်လည်း မစားရဖူး..
ဒီနေ့က သုံးထပ်သားကင်လို့ ပါးပါးက
ပြောထားတာကို..''

''ဟာ... ဒီနေ့ ငတ်ပြီ... ''

'' ဟိုနှစ်ယောက်... ဘာတွေ တိုးတိုးပြောနေတာလည်း.. ''

ချစ်ခြင်းဆိုသည်မှာ (complete) Where stories live. Discover now