Final (zawgyi)

713 25 10
                                    

'' ကျွီ...ဒုန်းးးးးးးးး''

အား...

ကျနော် မျက်လုံးကို ဖွင့်ကြည့်လိုက်တယ့်အခါ
ကျနော်ရဲ့ ခန္ဓာကိုယ်က အဝေးကို တွန်းခံထားရတယ့်ပုံက လွဲပြီး ဘာမှမဖြစ်....

ကုကီးရော... ကျနော့်ရဲ့ ကူးငယ်ရော...
ဘေးတဖက်ကို ကြည့်ရင်း ရှာနေပေမယ့်
ထိုတနေရာမှာပဲ လူတွေဝိုင်းအုံနေကျတယ့်...

မဖြစ်ပါစေနဲ့... ကုကီးမဖြစ်ပါစေနဲ့...
ကျနော်ရဲ့ယုန်ပေါက်လေး မဖြစ်ပါစေနဲ့..
ဘုရားသခင် ကျနော့်ဘဝတခုလုံးနဲ့ တိုင်တည်ပါတယ်..

ကျေးဇူးပြုပြီး ကျနော်ချစ်ရတယ့်လူကို
ကာကွယ်ပေးပါ...

လူတွေအုံနေတယ့် နေရာကိုအရောက် ကျနော့်ရဲ့
ဆုတောင်းတွေက သဲထဲရေသွန်သလို ရေစုံမျှောသွားခဲ့တယ်...

ထိတ်လန့်ခြင်းများစွာနဲ့...

'' ဂျောင်ဂု... မင်း.. မင်းကွာ.. ဘာလို့ ငါ့ကို
တွန်းထုတ်လိုက်ရတာလည်း.. ဟမ်..
ဘာကြောင့်လည်း..''

'' ချစ်...အဟွတ်...လို့လေ... လူကြီးရဲ့.. ''

'' ဟင့်အင်း..တိတ်တိတ်နေ.. စကားမပြောနဲ့..
ဆေးရုံကား..အင်း..ဟုတ်တယ်..ဆေးရုံကား
ခေါ်ရမယ်...''

ဖုန်းကို လိုက်ရှာတော့ ဖုန်းက ရှာမတွေ့ခဲ့ဖူး...

'' ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး... ဆေးရုံကားကို ဖုန်းခေါ်ပေးကျပါလို့.. ကျေးဇူးပြုပြီး.. ''

စကားကို အကျယ်ကြီးပြောရမှာ ရှက်တယ့်
ကျနော်က ဒီအချိန်မှာတော့ အော်ဟစ်ပြီး ပြောဆို
နေမိတယ်....

'' ကုကီး..ဘာမှမဖြစ်ဖူးနော်..သိလား..ဆေးရုံကား
လာတော့မှာနော်... ''

'' hyung... ကျနော်... အဟွတ်.. အိပ်ချင်တယ်.. ဟင်းး.. ''

'' ဟင့်အင်း...မအိပ်ရဖူး...''

'' hyung ကလည်း... ခဏပဲလေ.. ပြီးကျရင်
ကျနော် နိုးလာမှာပဲကို..ဟင်..ခဏပဲလေ''

ချစ်ခြင်းဆိုသည်မှာ (complete) Where stories live. Discover now