Episode 7

1K 56 3
                                    

Unicode

လွန်ခဲ့သော နှစ်ဆယ့် ငါးနှစ်ခန့်က

ဘယ်လိုဘဲ ဘယ်သူတွေကို ချစ်ပါတယ်ပြောပြော အချစ်ဦးကို မြေးဦးရသည်အထိ မမေ့နိုင် ဆိုတာထက် သေတဲ့အထိမမေ့နိုင်ကြခြေ

"ကျွီ ဒုန်း " ဘရိတ်ပေါက်ပြီး ဓာတ်တိုင်ကို ဝင်တိုက်မိတဲ့ကားတစ်စီး

"ဟာ တိုက်ပြီ "

"‌တော်တော်ပြင်းတယ်ဟ သေပြီလားမသိဘူး " လူတွေဝင်ကူဖို့နေနေသာသာ အမှုပက်မည်စိုးတာကြောင့် အနားပင်ရောက်မလာ ကူညီဖို့ဆိုဝေးစ လေကန် ဝေဖန် ဖို့တော့ ရလေတာ လူဟုခေါ်လေသတည်း

ထိုအခြေအနေတွင် ထို တိုက်မိသောကားနားကို ကားပြာလေးတစ်စီး ထိုးစိုက်လာကာ ကားပေါ်ကနေ သက် လတ်ပိုင်း အမျိုးသား အသက်အားဖြင့် ၄၅ နှစ်အရွယ် ဆင်းလာကာ တိုက်မိသော ကားထဲက လူနာကို အသည်းအသန် ခဲရာခဲစစ်ထုတ်ယူကာ ထိုသူရဲ့ ပိုက်ဆံအိတ်ကိုပါယူပြီး ပျက်စီးသွားတဲ့ကားကို ထိုအတိုင်းထားခဲ့ကာ သူ့ကားပေါ် တင်ပြီး ဆေးရုံကို အပြင်းမောင်းနှင်သွားကြတယ်

ဆေးရုံ‌ရောက်တော့ ခွဲစိတ်ခန်း တစ်ခါတည်း ဝင်ရတယ် ကူညီပေးတဲ့ အမျိုးသားကတာ့ အပြင်ကနေ စောင့်နေပေးပြီး ပိုက်ဆံအိပ်ထဲက ဆက်သွယ်ရမယ့် လိမ်စာတွေကို ဖုန်းဆက်ကာ ဆက်သွယ်လိုက်တယ် ပြီးတော့ ထို ပိုက်ဆံအိတ်လေးကို ဖွင့်ကြည့်မိကာမှ မှတ်ပုံတင်ထဲက ထိုသူပုံ ကြည့်မိပြီး နာမည် ပုံကို တစ်လှည့်စီကြည့်ကာ မျက်ရည်များ ဝဲလို့လာနေတော့တယ်

အတိတ်စီသို့ လွန်လေပြီးသော အနှစ်နှစ်ဆယ့်နှနှစ်ခန့်က

မင်္ဂလာသီချင်းတွေနဲ့ ချိန့်ချိန့်သဲ နေတဲ့ ဧည့်ခံပွဲတင်ခု မင်္ဂလာ သတို့သမီး ကို လက်ချိတ်လျက် ခန်းမထဲ တစ်လှမ်းချင်း လျှောက်လှမ်းလို့လာနေပါတယ် သတို့သားလေးရဲ့ မျက်နှာကတော့ ဟန်ဆောင်အပြုံးနဲ့ ဆင်နွဲ‌ကာ ဧည့်သည်တွေကို ဧည့်ခံမိနေလေရဲ့ ထို့အပြင် သတို့သမီးကတော့ သူချစ်ရသော ထိုလူသားကို ပိုင်ဆိုင်ခွင့်ရလို့ ပျော်ရွှင်စွာ ပြုံးပန်းတွေ ဝေဝေစာစာနဲ့ ဧည့်ခံနေပါလေရဲ့

ချစ်ခြင်းကိုရှည်စေ (Completed)Donde viven las historias. Descúbrelo ahora