Episode 12

866 47 0
                                    

Unicode

ဂန္နတို့အိမ် ခိုင်မြဲ ရောက်ပြီးကတည်းက ခိုင်မြဲ ဂန္န ပို တွဲသွားတွဲလာ လုပ်ဖြစ်တယ် ရိုင်းပန်းက ပိုမနာလို မရှူ့စိတ် ပိုပြင်းထန်လာတယ်

ဂန္နအမေကတော့ ပြည့်ဖုန်း ဂန္န မင်္ဂလာပွဲကို လူကြီးတွေကတိဆိုတော့ ဘယ်လို ဖျက်ရမှန်းမသိ အခက်ကြုံနေလေရဲ့ ခိုင်မြဲ ဂန္န အကြောင်းကို ပြည့်ဖုန်း အဖေတွေ ကို မပြောရသေး မပြောဘူးဆိုပိုမှန်ပါလိမ့်မယ်

ပြည့်ဖုန်းတစ်ယောက် သူငယ်ချင်း တွေနဲ့ မူးရူးပျော်ပါး ပြီး အချိန်ကို ကုန်စေတယ် ရွှေစင်နဲ့ တွဲတယ်

အားတိုင်း ဂန္နကို တစ်မျိုး မဟုတ် တစ်မျိုးလုပ်  သူကိုယ်တိုင်မဟုတ်ပေမယ့် သူ့စနက်တွေ အများကြီးခိုင်မြဲလဲ သူရှိနေတဲ့ အချိန် ကာကွယ်နိုင်ပေမယ့် သူမရှိတဲ့ အခါမျိုးဆိုတော့ မတက်နိုင်

တစ်နေ့ ပြည့်ဖုန်း သူငယ်ချင်းတွေနဲ့ ရွှေစင်တို့ တိုင်ပင်ကြတယ် တိုင်ပင်တာက ဂန္နကို lesson ပေးဖို့

"ငါတို့ ဟို အခြောက်ကောင်ကို မဆုံးမရတာကြာပြီး ဟိုခွေးကောင် ခိုင်မြဲက ဘေးနားရှိနေတော့ ငါတို့ဘာမှ လုပ်မရဘူး "

"အင်းကို ဒီတစ်ခါ ရွှေစင်ကြံမယ်"

"ဘယ်လို အစီစဉ်လဲ "

"ဒီလို ကို သူက ကို့ကို လက်ထပ်ရမှာလေ အဖိုးတွေ ဆန္ဒအရ သူက ရုပ်ဆိုး အသားဖြူတာဘဲ ရှိတယ် ကိုနဲ့ လိုက်တာမှ မဟုတ်တာ နံသာဆီနဲ့အီး ပြီးတော့ အခြောက်ကောင် "

"အင်း ဆက်ပါဦး အချစ်ကလေးရ "

"ဒီလိုကို သူ အခန်းထဲ မရှိတုံး သူ့လွယ်အိတ်ထဲ ပစ္စည်းတစ်ခုထည့်မယ်"

"ဘာပစ္စည်းလဲ ချစ်ရ"

"အဲ့အ‌ကောင်တွက်ကို ဘာတွေသုံးရမယ် ထင်လဲ အာသာဖြေဖို့လေ "

"ဟားဟား ကျားတု "

"ဟားဟား ဟာားဟား " သူငယ်ချင်းတွေ ဟားတိုက်တော့တယ်

"ဆက်ပြော ချစ် "

"သူ့အိတ်ထဲ အဲ့ တာ ထည့်ပြီးရင် သူ ကျောင်းဆင်းတဲ့အခါ ဝင်တိုက်မိသလိုလုပ်မယ် ပြီးရင် အရှက်ခွဲ မယ်လေ လူအများကြီးရှေ့မှာ ကိုက အဲ့ အချိန် ဖျာဝင်ခင်းရုံဘဲ ပိုဆိုးအောင် လေ "

ချစ်ခြင်းကိုရှည်စေ (Completed)Donde viven las historias. Descúbrelo ahora