Episode 22

683 38 2
                                    

Unicode

အခုအခြေအနေအရ ဘယ်သူကဘယ်သူပြန်ဝင်စားကြတယ်ဆိုတာ  သိကြပြီနဲ့တူတယ်နော် စာဖက်သူတွေသတိထားမိမယ်လို့ ယုံကြည်ပါတယ် ပြည့်ဖုန်းကို မုန်းနေကြမယ်လို့ထင်ပါတယ် မမုန်းကြပါနဲ့နော် သူလဲ သူ့ အကြောင်းနဲ့သူ ရှိလို့ပါ အပိုင်း ၂၁ မှာ လွင်ဦး ဆုတောင်းကို သတိထားမိကြမယ်ထင်ပါတယ် လွင်ဦးကလဲ ဘယ်သူပြန်ဝင်ထားတယ်ဆိုတာ လဲ သိမှာပါ စာဖက်သူတို့ မသိခဲ့ရင် စာရေးသူ အရေးအသား ညံ့လို့ပါ နားလည်ပေးကြပါ ပြည့်ဖုန်းကို မုန်းနေကြတဲ့သူတွေ အခုအခန်းမှာ ပြည့်ဖုန်းဘာ‌ကြောင့် အခုလိုဖြစ်တယ်ဆိုတာ ပြည့်ဖုန်းကို ဘာလို့ ဗီလိမ် နေရာ ထားလဲဆိုတာက အခုအပိုင်းတွေမှာ သိပါလိမ့်မယ် သူက ဇာတ်လမ်းတစ်ခုလုံး ထိန်းသွားမယ့် အဓိက ဇာတ်ကောင်ပါ ပြည့်ဖုန်း ဘာလို့ကြောက်တက်လဲ ဆိုတာ ဘာလို့ ဂန္နကို အခုလိုလုပ်ရတယ်ဆိုတာ အခုအပိုင်းမှာ နားလည်သွားပါလိမ့်မယ် ကဲစလိုက်ကြရအောင်
=================================

ပြည့်ဖုန်း ထောင်ထဲတွင် သူ့အမေ လာရောက်တွေ့ဆုံပြန်တယ် သူ့အမေ သတင်းတစ်ခု သူ့အဖို့ သယ်လာခဲ့တယ်

"သား "

"မေမေ"

"သား အမှု့က နှစ်မှု့နဲ့ ရင်ဆိုင်ရမယ်သား "

"ဘာအမှု့တွေလဲ မေမေ " ပြည့်ဖုန်းပြောပုံက တည်တည်ညိမ်ညိမ်

"အသားရေဖျက်မှု ရယ် သူတပါးထိခိုက်နာကျင်အောင် ငွေပေးခိုင်းစေမှု တို့ဘဲသား တောင်သေးတာက ဂန္နလေးက အရင် သားတို့အိမ်က ကိစ္စကို မဖွင့်ထားဘူးသား သူ့မိဘတွေပြောတာတော့ ဂန္နက အဲ့တုံးက သူခွင့်လွတ်ထားပြီးသား အရာမို့ မဆွဲချင်ပါဘူးတဲ့ သူခွင့်လွတ်လက်စနဲ့ ခွင့်လွတ်ပါရစေတဲ့သား သားဂန္နလေး စိတ်ထားပြည့်ဝလိုက်တာသားရာ "

"အင်း မေမေ ဂန္န စိတ်ထားပြည့်ဝသား သားသိပါတယ် အခြမှမဟုတ်ဘူး မေမေ ဟိုးအတိတ်ကကတည်းက "

"အန် သား မေမေနားမလည်ဘူး မေမေ့ကိုရှင်းအောင်ပြောပြပါလားသား အရင်တစ်ခါ လာတွေ့ တုံးကလဲ သားထူးဆန်းတာတွေပြောတယ် မေမေ မေးမယ်တွေးထားတာ အခုကြုံတုံး ရှင်းပြနိုင်မလား"

ချစ်ခြင်းကိုရှည်စေ (Completed)Donde viven las historias. Descúbrelo ahora