"ခန့်....""နှိုင်းပါလား မတွေ့တာကြာပြီနော်..."
"ဟုတ် ဒီရက်တောတွင်းတစ်ယောက်တည်းအလုပ်ရှုပ်နေတာ..."
"ဟုတ်လား..."
နှိုင်းက သူနဲ့အတူထိုင်ခိုင်းတာကြောင့် ခန့် နှိုင်းနဲ့အတူဝင်ထိုင်လိုက်သည်။
"ခန့် မျက်နှာလည်းမကောင်းဘူး...
ဘုန်းနေတခေတ်နဲ့စကားများလို့လား...""ဟုတ် နည်းနည်းပါ..."
ခန့် ခေတ်နဲ့မခေါ်မပြောဘဲနေလာတာ ဒီနေ့နဲ့ဆို၂ရက်ရှိပြီ။ ခေတ်ဘက်ကစကားပြောပေမယ့် ခန့်ကတော့မသိချင်ယောင်သာဆောင်နေလိုက်သည်။ သူခေတ်ကိုလွယ်လွယ်လေးအလျော့မပေးချင်။ ဒီလိုကိစ္စမျိုးကိုအလွယ်လေးလျော့ပေးလိုက်ရင် နောက်ဆိုသူ့ခေါင်းပေါ်-ျီးတက်ပါသည့် လုပ်ရပ်မျိုးပါလုပ်လာနိုင်သည်။ နဂိုကတည်းက သူကပိုချစ်ရသူမို့ ခေတ်အပေါ်ပြေချင်နေတဲ့စိတ်တွေကိုမနည်းတင်းထားရသည်။
"ခန့် ခန့် ဘာတွေတွေးနေတာလဲ?..."
"sorry နှိုင်း ကျွန်တော်အတွေးလွန်သွားတယ်..."
"ကျွန်တော့်ကိုရင်ဖွင့်ချင်လား..."
နှိုင်းမေးလိုက်တော့ ခေတ်ကသက်ပြင်းအကြီးကြီးချသည်။
"နှိုင်း နှိုင်းသာဆိုကလေးမရနိုင်ရင်အငှားကိုယ်ဝန်ဆောင်နဲ့ကလေးယူမလား..."
"ဗျာ...
ခန့် ဘာကိုပြောချင်တာလဲ?...""ခေတ်မိဘတွေက ကျွန်တော်တို့ကိုကလေးယူဖို့ပြောနေတယ် အငှားကိုယ်ဝန်ဆောင်နဲ့..."
"သြော်..."
"အဲ့တာကလည်း ကျွန်တော်ကြည့်မရတဲ့အမျိုးသမီးနဲ့မှတဲ့လေ..."
"သြော် ခန့်ကလက်ခံလိုက်လား..."
"ဟင့်အင်း ကျွန်တော်လုံးဝသဘောမတူနိုင်ဘူး နှိုင်း...
ကလေးမရှိဘူးဆိုတာနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးကပျက်စီးသွားနိုင်လား...""အဲ့လိုလည်းမတွေးပါနဲ့ခန့်ရယ်...
ဘုန်းနေတခေတ်ကိုသေချာပြောကြည့်ပါဦး...
သူလည်းသဘောမတူဘူးမဟုတ်လား...""သူကသူ့မိဘဘက်ကပဲပါတာ...
ကျွန်တော့်ဘက်ကိုနည်းနည်းမှမတွေးပေးဘူး...
ကျွန်တော်အရမ်းစိတ်ညစ်တာပဲ..."
DU LIEST GERADE
Bittersweet Love (ချိုချိုခါးခါးအချစ်) (Completed)
Romantikအချစ်ကတခါတရံမှာချိုပြီး တခါတရံမှာတော့ ခါးသက်သက်လေးနဲ့ဗျ...