Part-48(Uni)

28.6K 1.4K 139
                                    

"နှစ်ခေတ် ဒီကိုလာပါဦးကွ..."

"နခေတ်ဟုတ်ဝူး ထစ်ထစ်ဖုန်းပါ.."

"ဟား ဟား မင်းပီလာတဲ့တနေ့နာမည်အရင်းခေါ်မယ်..."

"ဖေဖေ့..."

အာကာစလိုက်တော့ ဖအေရဲ့လည်ပင်းကိုဖက်ပြီးချွဲနေသည့်ခေတ်သစ်ဘုန်းရယ်ပါ...

"ဖေဖေ့သားလေးကချစ်ဖို့ကောင်းလို့ကာကာတို့ကစနေတာ..."

"ဟုတ်..."

"လာ ကာကာ့ဆီမသွားနဲ့ ဦးဇွဲဆီလာ...
ဦးဇွဲအုန်းရည်တိုက်မယ် သောက်မယ်မဟုတ်လား..."

"သောက်မယ် သောက်မယ်..."

သူ့အဖေပေါင်ပေါ်ကဆင်းပြီး ဇွဲကိုထိုင်နေသည့်ခုံသို့တန်းနေအောင်သွားနေသည့် ခေတ်သစ်ဘုန်း...

"ကာကာ့ဆီမှာလည်း အုန်းရည်ရှိတယ်နော်..."

"ကာကာ့ရှိကသောက်ဝူး ဖီဖီတွေနဲ့..."

"ဘာ! မင်းတော့နော် ထစ်ထစ်ဖုန်းကနေမထစ်မထစ်ဖုန်းဖြစ်သွားချင်ပြီနဲ့တူတယ်..."

အာကာစိတ်ဆိုးသလိုပြောလိုက်တော့ ခေတ်လေးကရယ်ပြီး ဇွဲကိုလှဲနေသည့်ဘေးမှာသွားလှဲပြီး အုန်းရည်ကိုသောက်နေသည်။
လူလည်လေး သူကိုစမှန်းသိလို့ တံတွေးတွေနဲ့ဆိုပြီးပြောသွားတာ အတတ်ကလေး...

နေကလည်းပူတာကြောင့် ၃ယောက်လုံးအင်္ကျီကြယ်စေ့များဖြုတ်ကာ ပင်လယ်ပြင်ကိုမျက်နှာမူပြီး ခုံတန်းရှေ့ပေါ်မှာလှဲနေကြသည်။ နှစ်ခေတ်ကလည်း ဇွဲကိုဘေးမှာလှဲပြီး ဗိုက်ကိုဖွင့်ထားသည်။

"ကိုခန့် ကျွန်တော်မလိုက်ရဲဘူး..."

"ဘာဖြစ်နေတာလဲ? ငြိမ်းခန့်ရာ...
ဒါလေးဝတ်တာဘာဖြစ်တာမို့လို့...
နှိုင်းတောင်ဘာမှမပြေတဲ့ဟာကို..."

"ကျွန်တော်လည်းမရိုးမရွဖြစ်နေတာ...
ဒီလောက်တိုနဲ့ဘောင်းဘီကျွန်တော်တခါမှမဝတ်ဖူးဘူး..."

ခန့် ဘေးကနေယှဉ်လိုက်လာတဲ့နှိုင်းနဲ့ငြိမ်းခန့ကိုတလှည့်စီကြည့်ပြီးခေါင်းသာခါလိုက်သည်။ ဘာလို့ဒီလောက်ရိုးနေကြမှန်းမသိဘူး...

သူတို့မပါဘဲ အင်္ကျီကြယ်စေ့တွေဖြုတ်ပြီး မိန်းကလေးတွေကိုကြည့်နေတဲ့၃ယောက်ကိုပညာပေးချင်တာကြောင့် အခုလိုဝတ်ထားခြင်းဖြစ်သည်။

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Where stories live. Discover now