Part-43(Uni)

30.7K 1.7K 169
                                    


"ခေတ်လေး ကိုယ့်ဘာသာချိုးမှာလား...
ပါပါးချိုးပေးရမှာလား..."

"သားဘာသား..."

"ကိုယ့်ဘာသာချိုးမယ်ဆို မြန်မြန်သွက်သွက်လေးချိုး...
နောက်ကျရင်မကောင်းဘူး...
ခေတ် ဘုန်းနေတခေတ် ဘယ်ရောက်နေတာလဲ?...
မြန်မြန်လာချိုးလေကွာ...
မင်းတို့သားဖရေချိုးပြီးမှငါချိုးမှာ..."

သားကိုရေချိုးဇလုံထဲထည့်ပေးပြီး ခေတ်ကိုလှမ်းခေါ်လိုက်သည်။

"လာပါပြီကွာ အင်္ကျီကိုသေချာရွေးနေရလို့..."

"ရွေးမနေနဲ့ ငါထုတ်ပေးတာပဲဝတ်...
အချိန်မရှိတော့ပါဘူးဆိုမှ...
မင်းရေချိုးပြီးရင်သားကိုပါတခါတည်းခေါ်လာခဲ့...
အဝတ်အစားတွေထုတ်ထားမယ်..."

"ပြီးရော ပြီးရော.."

"ပီးရော ပီးရော ဟီး..."

သူအဖေပြောတဲ့အတိုင်းလိုက်ပြောပြီးရယ်နေတဲ့ခေတ်လေးကိုငုံ့နမ်းလိုက်ပြီး အပြင်ကိုထွက်လာခဲ့သည်။

"ခေတ်လေး မင်းပါပါးပွစိပွစိနဲ့တော်တော်စကားများတယ်နော်..."

"များ များ...
ပါပါးကရှောရယ်..."

"ဟက်! ဘာမှလည်းမဆိုင်ဘူး...
မင်းပါပါးဒီလောက်ရုပ်ဆိုးတာကို မင်းပဲချောတယ်ပြောတယ်..."

"နိုး ရှောရယ် ပါးကရမ်းရှော..."

"ဟား ဟား ခေတ်သစ်ဘုန်းရာ..."

ခေတ်အသဲယားလွန်းလို့ ခေတ်ပေါက်စကိုယ်ကို ဆပ်ပြာတွေတိုက်ပေးလိုက်သည်။ ဆပ်ပြာမြှပ်တွေကကြားက ပေကလပ်ပေကလပ်နဲ့ကြည့်နေသည်။ ပုံစံကခန့်နဲ့တပုံစံတည်းပင်။ သူနဲ့တူတယ်သာအများကပြောကြပေမယ့် သားရဲ့တချို့ပုံစံများကခန့်နဲ့တူသည်။ အင်းပေါ့လေ သူတို့၂ယောက်ရဲ့သားပဲ သူတို့နဲ့ထူးဆန်းတာမှမဟုတ်တာ...

"သား ဖေဖေနေ့လယ်ကပြောထားတယ်နော်...
ပါပါးကိုပေးစရာရှိတယ်ဆိုတာလေ..."

"ဟုတ်..."

"အဲ့တာ ရေချိုးပြီးရင်ဖေဖေနဲ့အတူသွားယူမယ်နော်...
မင်းပါပါးကိုမသိစေနဲ့နော်..."

"ဟုတ်..."

"လိမ္မာလိုက်တာ ဖေ့သားက..."

တွင်တွင်ညိတ်ပြနေတဲာခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်တော့ သားဆီကရယ်သံတိုးတိုးလးကိုကြားရသည်။

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Donde viven las historias. Descúbrelo ahora