ဆောင်းတွင်းအချိန်အခါမှာ မနက်ပိုင်းဆိုမထချင်လောက်အောင်အေးနေသောအခါ အမြဲစောင်ထဲကွေးနေရသည်..ယခု ကျနော်သည်နွေးလွန်းလို့ မထချင်လောက်အောင် အနွေးဓာတ်ကြီးဆီပိုကပ်လိုက်သည်...သို့သော်ငြားတင်းကျပ်နေအောင်ဖက်တွယ်လာသည့်လက်တစ်စုံ...မျက်လုံးကိုဖွင့်ကြည့်မိသည့်အခါ ရှေ့တည့်တည့်မြင်နေရသည့် ကျယ်ပြန့်သည့်ရင်ဘတ် တဖြည်းဖြည်းမော့ကြည့်ရာ စီနီယာချန်းယောလ်...
လန့်ကာရုန်းလိုက်တော့ ပြန်လည်ဖက်တွယ်ကာ ကျောနောက်ကို ခပ်ဖြည်းဖြည်းလေးပုတ်ကာပြန်ချော့သိပ်နေသည့်စီနီယာကြောင့် သူရယ်လိုက်မိသည်...
စီနီယာအိပ်နေသည်ကိုအခွင့်ကောင်းယူကာ မျက်နှာကို ကိုင်တွယ်ကြည့်လိုက်မိသည်...မျက်လုံးတွေကိုခပ်သာသာလေးထိလိုက်ရာ ကျုံသွားတဲ့နဖူး ...ဒီမျက်ခွံအောက်မှာရှိတဲ့ စီနီယာမျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုသဘောကျသည်...နှာခေါင်းကနေတစ်ဆင့် နှုတ်ခမ်းထူထူဆီရောက်သောအခါ ထိကြည့်မိလိုက်သည်...
ရုတ်တရတ်လက်ကိုဆုပ်ကိုင်လာသည့် လက်ဖဝါးကြီးကြီး...
" စီ..စီနီယာ"
"ကိုယ့်ကိုထိရတာသဘောကျလား"
"ဗျ ဗျာ"
"ခနလေးအိပ်ချင်သေးတယ်"
ပြောရင်းရင်ခွင်ထဲကိုဆွဲဖက်ကာအိပ်ရန်ပြင်နေသည့်စီနီယာကြောင့်
"ဟို ကျနော်ထပေးမယ် စီနီယာကြပ်နေမယ်"
ထထိုင်မည်လုပ်ရာ တင်းကြပ်စွာပြန်ဖက်ထားသည့်စီနီယာ
"ခနလေးပဲ ဒီတိုင်းလေးနေပေး ကိုယ်ညက အလုပ်တွေအပြီးသတ်တာ နောက်ကျလို့"
အိပ်ချင်မူးတူးအသံနဲ့ပြောလာတဲ့စီနီယာကြောင့် သူ့လည်းစီနီယာရဲ့ရင်ခွင်နွေးနွေးထဲကိုပြန်လည်ဝင်ကာ တစ်ဖန်ပြန်အိပ်ပျော်သွားသည်...
ဘတ်ဟျွန်းကိုအပြန်ဝင်ပို့ပြီးဒယ်ဒီဆီသွားကာ အလုပ်ကိစ္စ ပြောရင်းအပြီးသတ်စရာတွေကျန်တာ လုပ်လိုက်ရာ ဒယ်ဒီကပြန်သွားပြီဖြစ်သော်လည်း ကိုယ်ရဲ့အလုပ်အပြီးသတ်စရာကိုဆက်လုပ်နေလိုက်ရာ ...နာရီကိုကြည့်လိုက်တော့ ၁၁နာရီ