ပြောချင်တာပြောပြီးပျောက်သွားတဲ့စီနီယာချန်းယောလ်...ညတိုင်းဘေးကလွတ်နေတဲ့ကုတင်ကိုကြည့်ရင်းသက်ပြင်းချမိသည်...
တစ်ပတ်တောင်ရှိပြီ...ကျောင်းလဲမတက်ဖူးဟုကြားသော်လည်း...ဘယ်လ်ိုဆက်သွယ်ရမှန်းလဲမသိ...ကိုယ့်ကိုရည်းစားစကားလဲပြောသေး သူလဲပြန်အော်သွားသေး...ဂျီမင်းကိုမေးကြည့်ချင်ပေမဲ့လဲ မာနလေးကခံနေသောအခါ
"ဟူး"
"ဘတ်ဟျွန်း မင်းသက်ပြင်းချတဲ့လေတွေက ငါတို့ပါလွှင့်သွားတော့မယ်"
"အေ့လေ"
ဂျီမင်းအပြောကိုဘေးကမင်ဆော့ကပါဝင်ထောက်ခံနေသေးသည်။
" မင်းနဲ့ချန်းယောလ်ဟျောင်းနဲ့ ဘာတွေဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဖူးကွာ"
"အတူတူတွေပဲကွာ ဘာမှမဖြစ်ဖူးပဲပြောနေကြတာ"
"ဟင် မင်းကဘာကိုပြောတာ"
ဂျီမင်းအပြောကိုနားမလည်နိုင်စွာမေးလိုက်မိရာ
"မင်းကို မင်းတို့နှစ်ယောက်ဘာဖြစ်နေတာလဲမေးတော့ ဘာမှမဖြစ်ဖူးတဲ့ ငါချန်းယောလ်ဟျောင်းကိုမေးတုန်းကလဲ ဘာမှမဖြစ်ဖူးပဲပြောနေတာ မင်းတို့အတူတူပဲလို့ပြောတာ"
"စီနီယာကအဲ့လိုပြောတယ်ပေါ့"
စီနီယာသူ့ကိုမချစ်တာ သိသာလွန်းပါတယ်..အလောင်းအစားကြောင့် ငါ့ကိုချစ်တယ်ပြောနေတာ ခံစားမနေနဲ့ဘတ်ဟျွန်း...
"ဒါနဲ့ ဂျီမင်းရား မင်းငါတို့နဲ့တစ်နေကုန်ရှိနေတာလေ ဘယ်ချိန်စီနီယာကိုမေးလိုက်တာလဲ"
မင်ဆော့ကတွေးဆဆနဲ့ပြောတဲ့စကားကိုကျနော်ပါသိချင်မိသွားသည်
"အာ အဲ့ဒါကလေ ဟို မင်းတို့စိတ်မဆိုးပါနဲ့ ငါမပြောချင်တာမဟုတ်ပါဖူး ဟျောင်းနဲ့ကတိပေးထားလို့ပါကွာ..."
"ဘာလဲ မြန်မြန်ပြော ပတ်ဂျီမင်း"
"ငါနဲ့ဟျောင်းကညီအကိုတွေ ဟီး"
"ဘာ!!"
"အမလေး"
"ဟာကွာ ဘတ်ဘတ်ရာ လန့်လိုက်တာ ဖြေးဖြေးပြောပါကွ"