ep1

17.9K 501 11
                                    

(U&Z)

"ကျွီ!!!! ဝုန်း"

"ဟဲ့..ဟဲ့.. တိုက်မိကုန်ပြီဟဲ့....လုပ်ကြပါဦး"

"သေပြီလားဟေ  ကြည့်ကြပါဦးဟ"

ထားတို့သူငယ်ချင်းလေးယောက် hanging out လုပ်တာ ပျော်ပျော်ပါးပါး ရီမောနေရင်းကနေ လမ်းအကွေ့တစ်ခုမှာ စက်ဘီးနဲ့ ကောင်မလေးတစ်ယောက်ကို ကားနဲ့ ဝင်တိုက်မိပါလေရော

တိုက်မိတာက နည်းနည်းပါလေ။ ကားပေါ်က အောလီမသုံးယောက်က အော်တာဆိုတာ နားကွဲတော့မယ် ။

ထားကပဲ

"ဟဲ့.. အော်မနေကြနဲ့ လာ၊ ဆင်း မေးကြမယ်"

တိုက်မိတဲ့ကောင်မလေးက ထတောင်မထနိုင်သေး။ ခြေထောက်ကို စက်ဘီးပိနေတယ်ထင်ရဲ့ မျက်နှာလေးကို ရှုံ့မဲ့လို့။

"ဟေ့၊ ဟိတ် ဘာဖြစ်သွားသေးလဲ"

"ကျစ်၊ ဘာမှမဖြစ်ဘူး"

"အမယ်၊ အကောင်းနဲ့လည်း မေးရသေးတယ်။လူကိုများ "ကျစ်" တဲ့ ၊တော်ပြီ။ ခါနွေ နင်ပဲမေးတော့ "

"ဟာ၊ ခင်ဗျားကလည်း ဝင်တိုက်သေးတယ် ခင်ဗျားက အကောင်းမမေးလို့ ဘယ်လိုမေးချင်လို့လဲ"

"အောင်မာ၊ကားတစ်စီးလုံးလာတာမြင်တာတောင် မရှောင်နိုင်တဲ့ ယူ့အပြစ်လို့ရောမထင်ဘူးလား။ပြောရတာမဟုတ်ဘူး ဒီခေတ်မှာ ဒီလိုအပေါစားဆန်တဲ့အကွက်တွေနဲ့ လူတွေကပေါမှပေါ"

"ကဲ ကဲ၊ တော်ပြီထားရယ် ငါဆက်ပြောလိုက်မယ်။ခုဟာက ငါတို့မှားတာလေ"

"......."

"ညီမလေး ထားကိုယ်စား မနွေတောင်းပန်ပါတယ်နော်။ သူက စကားပြောမတတ်လို့ပါ ဟိုလေ ညီမလေး အရင်ဆုံး မတ်တပ်ရပ်ကြည့်ပါလားဟင် ခြေထောက်အခြေအနေလေးသိချင်လို့ပါ မနွေတို့ ဆေးခန်းပို့ပေးပါမယ် မနွေတို့ အကုန်တာဝန်ယူပါတယ်နော်"

"ရတယ်။ မလိုဘူး"

"အကောင်းပြောနေတာတောင် ကောင်းကောင်းမွန်မွန် ပြန်မပြောနိုင်ရင် ပြောမနေနဲ့နွေ"

"ထားရယ် ငါတို့ကမှားတာလေ သူ့အသားနာထားတာပဲ စိတ်ဆိုးမှာပေါ့ဟာ ငါပဲပြောမယ် နင်နေ"

အချေလေးကို ချစ်မိပြီအေခ်ေလးကို ခ်စ္မိၿပီWhere stories live. Discover now