ဒီနေ့ဒီနေ့ အတန်းထဲကို မြောက်ကြွ မြောက်ကြွဝင်လာပြီး လေးထောင့်ဆန်ဆန်ပြုံးကာ တစ်တန်းလုံးကို အကြည့်တစ်ချက်ဝေ့ပေးလိုက်တဲ့ Taehyung Kim ကြောင့် Jin တို့အဖွဲ့အံ့သြသွားသည်..........
Kim Taehyung ဆိုတာ အတန်းထဲဝင်လာတာနဲ့ မှောက်အိပ်ချင်အိပ် မဟုတ်ရင် နားကြပ်လေးနဲ့ သီချင်းထိုင်နားထောင်နေတတ်တာကြောင့်ပင်...............
အတန်းထဲက မိန်းကလေးတွေရော ကောင်လေးတစ်ချို့ပါ ခပ်လှုပ်လှုပ်ဖြစ်သွားကြသည်........
ငါတို့ ဘာတွေ့လိုက်ရတာလဲ...........
Taehyung Kim ပြုံးပျော်နေတာပဲ............
Jin နဲ့ jungkookie ကတော့ သိချင်လွန်းစွာ Namjoon ကို မေးနေကြပေမယ့် Hobi ကတော့ ကောင်မလေးတစ်ချို့အော်သံကြောင့် လန့်သွားကာ စိတ်ငြိမ်အောင်ထားနေသည်..........
Yoongi ကတော့ အိပ်မြဲအိပ်ဆဲပင်...............
Namjoon သူ့ကိုတစ်ဖက်တစ်ချက်ဆီ ကိုင်ကာ သိချင်နေဟန် မျက်ဝန်းတွေနဲ့ မေးနေတဲ့ Jin နဲ့ Jungkookie ကြောင့် သက်ပြင်းချရင်း ခပ်တိုးတိုးပြောသည်............
" ဒီနေ့ Jimin ကျောင်းပြောင်းလာမှာလေကွာ "
Jin က ဆက်ပြီးသိချင်ဟန်နဲ့
" Jimin က ဘယ်သူလဲ "
" Jimin Park Jimin
Tae ရဲ့ winter Bear လေးလေ "Jungkookie က နားလည်သလိုဟန်ပေမယ့် မနားမလည်သောကြောင့် ထပ်မေးရသည်..........
" Jimin က Taehyung ssi နဲ့ ဘာတော်လို့လဲ အဲလောက်သဲသဲလှုပ်နေတာ ညီလေးလား သူငယ်ချင်းလား"
" ရူးနေလား ဘယ်လိုလူက သူငယ်ချင်းကို အဲလောက်သဲသဲလှုပ်မှာလဲ......ညီတွေဆိုပိုဆိုး အားနေရန်ဖြစ်နေကြတာပဲလေ.........
သူတို့နှစ်ယောက်က ပြောရရင် အလိုက်ဖက်ဆုံး soulmate ကွာ.........ဘယ် relationship တွေနဲ့မှမတူအောင်.......
ဟိုနေ့က Kang Miri ကို ထိုင်ခုံပေါ်ထိုင်ဖို့ငြင်းလိုက်တာက သူ့ဘေးမှာ Jimin ကလွဲ ဘယ်သူမှ မရှိစေရဘူး ဆိုပြီး ပြောထားတာကွာ.........
ငါ မင်းတို့နဲ့ မိတ်ဆတ်ပေးတာတောင် Hyung တွေဘာတွေ
Jungkookie မင်းကိုတောင် ညီလေးလိုမျိုး ပြောတာ လက်တွေ့နော် အဲဒါ
Taehyungie မှာ Jimin ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ပဲ ရှိရမယ် လို့ပေါ့ကွာ "