ပြတင်းပေါက်က ဝင်လာတဲ့ နေရောင်ဖျော့ဖျော့လေးကို နှိုင်းငယ် ငေးကြည့်နေမိတယ်။
အိပ်ရာနိုးနေတာ ကြာပြီပေမယ့် မထချင်ဘူး။
မပျော်ဘူး...ဒီနေ့ နှိုင်းငယ် မပျော်ပါဘူး။
မနေ့ညက အိမ်မက်ဆိုးတွေ မက်တယ်။
အိမ်မက်ထဲမှာ ကိုကိုက မြူတွေကြားထဲမှာ ရပ်နေတယ်။
နှိုင်းငယ် အကျယ်ကြီး အော်ခေါ်တယ်။
ထပ်ခါထပ်ခါ အော်ခေါ်တယ်။ဒါပေမဲ့ ကိုကိုက တစ်ခါပဲ လှည့်ကြည့်ပြီး ပျောက်သွားတယ်။
ကိစ္စမရှိပါဘူးလေ...ဒါက အိမ်မက်ပါပဲ...
မေမေက ပြောဖူးတယ် အိမ်မက်ဆိုတာ စိတ်စွဲလို့တဲ့...
ဟုတ်တယ်...ကိုကို ပျောက်သွားမှာကို သူ ကြောက်နေတယ်။
ကိုကိုက သူ ထွက်မသွားဘူးလို့ မှာခဲ့ရက်နဲ့ နှိုင်းငယ် ကြောက်နေတယ်။
"သားလေး နိုးနေရင် ထတော့နော်”
မေမေ အသံကို ကြားပေမယ့် သူ ပြန်မဖြေမိဘူး။
ပြတင်းပေါက်က မြင်ကွင်းကိုပဲ ကြည့်နေမိတယ်။တစ်ဖက်က ကိုကိုတို့ အိမ်လေးမှာ လူတွေ အများကြီးပဲ။
ကိုကိုက တိတ်ဆိတ်တာကို ကြိုက်တာ၊ အိမ်မှာ လူတွေ အများကြီး ရောက်နေတော့ ကိုကို စိတ်ညစ်နေမှာပဲ။
ကိုကို ပြောဖူးတယ်လေ၊ နှိုင်းငယ်တို့ ရပ်ကွက်က အေးချမ်းလွန်းလို့ ကိုကို သဘောကျတာဆိုပြီး။
နှိုင်းငယ် ဦးနှောက်က အများကြီး မမှတ်မိပါဘူး။
ဒါပေမဲ့ ကိုကို ပြောသမျှတော့ နှိုင်းငယ် ကြိုးစားပြီး မှတ်ထားပါတယ်။နှိုင်းငယ် မှတ်မိတာတွေ တခြားလည်း ရှိတော့ ရှိတယ်။
နှိုင်းငယ်ရောဂါ နာမည်မှာ Down ပါတယ်။
ဖွားဖွားပြောတာတော့ ကျပ်မပြည့်တဲ့ ရောဂါတဲ့။
အဲ့ရောဂါက မွေးကတည်းကဆိုတာလည်း သိတယ်။
လာမယ့်လ ၂၂ ရက်နေ့မှာ နှိုင်းငယ် ၁၇နှစ် ပြည့်ပြီဆိုတာလည်း သိတယ်။ပြီးတော့ နှိုင်းငယ် ကိုကို့ကို စတွေ့တုန်းက အချိန်ကိုလည်း မှတ်မိတယ်။
VOUS LISEZ
One Shot Collection