(Unicode)
"We wish you a merry Christmas
We wish you a merry Christmas
And a happy New Year"ကော်ဖီဆိုင်လေး အတွင်းသို့ ဝင်လိုက်သည်နှင့် ကြားနေရကြ ခရစ္စမတ် သီချင်းချိုချိုလေးက နားထဲသို့ စိမ့်ဝင်လာသည်။
ဆိုင်အတွင်းသို့ လှည့်ပတ်ကြည့်လိုက်တော့ အလှ ခရစ္စမတ် သစ်ပင်နှင့် ကပ်ရက် ထောင့်ဆုံးခုံလေးမှ အစ်ကို့က လက်လှမ်းပြသည်။
ခေါင်းပြန်ညိတ်ပြရင်း ကျွန်တော် သက်ပြင်းချလိုက်မိသည်။
စင်ကာပူ ခရစ္စမတ်ညခင်း၏ အအေးဒဏ်က ကျွန်တော့်ရင်မှ ပူလောင်မှုကို ငြိမ်းအေးအောင် မဆောင်ရွက်နိုင်။ကောင်တာမှ မိန်းကလေး ကမ်းပေးသော ကော်ဖီခွက်ကို စိတ်မပါလက်မပါ ယူရင်း စားပွဲခုံလေးဆီသို့ ဦးတည်ပြီး လျှောက်သွားလိုက်သည်။
"Latte ပဲလား”
အစ်ကိုက အပြုံးတစ်ပွင့်နှင့် မေးတော့ ကျွန်တော် ခေါင်းသာညိတ်ပြလိုက်ပြသည်။
အခုချိန်မှတော့ သူ့အနေနှင့်လည်း ဟန်ဆောင်ပြုံးနေဖို့ မလိုတော့ဘူးဟု ထင်မိသည်။အစ်ကိုကလည်း သက်ပြင်းချကာ အပေါ် ဂျာကင်ထဲမှ တစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် စားပွဲပေါ်မှနေ ကျွန်တော့်ကို ကမ်းပေးသည်။အဝါရောင် ဖိတ်စာလေးက ဘေးက ခရစ္စမတ် သစ်ပင်မှ မီးရောင်နှင့်ဟပ်ကာ အတော်လေး လှသွေးကြွယ်နေသည်။
ဖိတ်စာပေါ်က နာမည်နှစ်ခုတွင် ကျွန်တော့်နာမည် တစ်လုံးမှ
မပါတာတော့ အနည်းငယ် ကြေကွဲဖို့ကောင်းသည်ပင်။"30 ရက်နေ့ဆိုတော့ အရမ်း နီးနေပြီပဲ။”
ကျွန်တော် ကော်ဖီတစ်ငုံသောက်ရင်း ပြောတော့ အစ်ကိုက ခေါင်းညိတ်သည်။
"မနက်ဖြန်မနက် အစောကြီး လေယာဥ်နဲ့ ပြန်မှာ။
လက်ထပ်ပွဲကတော့ 30 ဆိုပေမယ့် New year ညမှာ dinner party လုပ်မှာ။
ရင်းနှီးသူတွေလောက်ပဲပေါ့။”သေသေချာချာ ရှင်းပြနေသော်လည်း အစ်ကို့စကားထဲတွင် လေးနက်မှုတွေ မပါဟု ကျွန်တော် ခံစားမိသည်။
ကျွန်တော် စိတ်ထင်တာပဲ ဖြစ်မှာပါလေ...
ငါးနှစ်တာ ချစ်သူသက်တမ်းကို ကျော်လွန်ပြီး ရွေးချယ်ထားသည့် အမျိုးသမီးနှင့် လက်ထပ်ပွဲကို သူ စိတ်မပါဘူးဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲ။
ESTÁS LEYENDO
One Shot Collection