Unicode Version
ရှုတင်ရိုက်ကွင်းပြီးတာတောင် မီးရောင်တွေ
တလက်လက်နဲ့အနားသို့တစ်သီတစ်သန်းကြီး
ရောက်လာသော သတင်းထောက်တွေကြောင့်
ဂျီဆူးရဲ့စိတ်တွေအတော်ရှုပ်ထွေးနေရတယ်။ကားဆီကိုသွားတဲ့လမ်းတစ်လျှောက်မှာ
မိတ်ကပ်ပြင်တဲ့ဆရာရယ် အတွင်းရေးမှူး
မိန်းကလေးရယ်ရိုက်ကွင်းအဖွဲ့သားတချို့ရယ်က
ဝန်းရံထားသော်လည်း အတင်းတိုးဝင်လာတဲ့
သတင်းထောက်တွေကြောင့်ကားဆီရောက်ဖို့
ခြေလှမ်းတွေဟာလည်း နှောင့်နှေးနေခဲ့တယ်။" နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့
ကင်ဂျီဆူးက ဝန်ကြီးချုပ်ကင်ထယ်ဟန်ရဲ့
သမီးအရင်းတစ်ယောက်ဆိုတာဟုတ်ပါသလား"ထိုစကားဟာ ဂျီဆူးရဲ့နားထဲကိုသံရည်ပူတွေ
လောင်းချလိုက်သလိုမျိုးဖြစ်သွားခဲ့လေတယ်
မကြားချင်တဲ့နာမည်ကိုနားကကြားလိုက်ရတော့
စိတ်ထဲရွံသွားရုံကလွဲရင် ပြန်ဖြေဖို့အဖြေက
ဂျီဆူးအတွက်တော့ လုံးဝမရှိခဲ့တာကြောင့်
ခေါင်းကိုပဲငုံ့ထားပြီးနေကာမျက်မှန်အမည်းရဲ့
အောက်ကနေပဲလမ်းဆက်လျှောက်နေခဲ့တယ်။" မင်းသမီးကင်ဂျီဆူးက အရမ်းမောက်မာပြီး
မာနကြီးတယ်ဆိုတာရော ဟုတ်ပါသလား
ဒါကြောင့်ဘာမေးခွန်းမေးမေးပြန်မဖြေတာလား"ထင်ချင်သလိုထင်ကြပါစေတော့ .....
လူတွေရဲ့ပြောစကားတွေကို ခေါင်းထဲသိပ်
မထည့်တတ်သလို ပြန်ဖြေရှင်းပြဖို့အတွက်လည်း
ဘယ်တုန်းအခါကမှ အာရုံမရခဲ့ဘူး ။
ကင်ဂျီဆူးဆိုတဲ့မိန်းမဟာ ဒီလိုမျိုး ။စောက်ရေးမပါတဲ့မေးခွန်းတွေ ။
" ထပ်တန်းမင်းသမီး ကင်ဂျီဆူးက
ဝန်ကြီးချုပ်ကင်ထယ်ဟန်ရဲ့မယားငယ်
အယ် ! တောင်းပန်ပါတယ်
ဒုတိယမြောက်မိန်းမရဲ့သမီးဆိုတာ
ဟုတ်ပါသလားခင်ဗျ "စကားအဆုံး ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး မေးခွန်းမေးလိုက်တဲ့ သတင်းထောက်ရဲ့
မျက်နှာကိုစေ့စေ့ကြည့်နေတဲ့ ကင်ဂျီဆူးဟာနှုတ်ခမ်းပါးတွေ တုန်ယင်လာတဲ့အပြင်
ဒေါသတွေတရိပ်ရိပ်ထွက်လာတာကြောင့်
ကိုယ့်အောက်နှုတ်ခမ်းကိုယ်တောင်
ပေါက်ထွက်မတတ် ပြန်ကိုက်မိတဲ့အထိပဲ။

YOU ARE READING
I bought Love But
Fanfiction" မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ " ZawGyi Version " မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ "