Unicode Version
ရှူတင်သွားခါနီးအိမ်တံခါးဝကလှမ်းပြောလာသော
ဂျီဆူးရဲ့ခိုင်းစေမှုစကားလေးတစ်ခွန်းကြောင့်
ဂျန်းနီပါမကျန် တစ်အိမ်လုံးနီးပါးမှာလည်း
ပါးစပ်အဟောင်းသားဖြင့်အံ့သြခဲ့ကြလေပြီ။" ဒီနေ့ကစပြီး ခြံထဲမှာနှင်းဆီပန်းတွေ
အပြည့်ဖွေးနေတာ မြင်တွေ့ချင်တယ်
ဒါကြောင့် ပန်းအိုးထဲ နှင်းဆီပန်းတွေ
ထည့်စိုက်ဖို့အစီအစဥ်ကို ဒီနေ့စလုပ်ပါ "" မမ !!! "
ဂျန်းနီရဲ့အံ့သြတကြီးအော်ခေါ်သံကြောင့်
ဂျီဆူးရဲ့မျက်ခုံးများ တွန့်တက်သွားရတယ်။
ဂျန်းနီ အံ့သြနေတာလည်းအဆန်းတော့မဟုတ်
အဆန်းဟုတ်နေသည်မှာ ဂျီဆူးလိုမိန်းမက
ပန်းစိုက်ပျိုးခိုင်းခြင်းပင် ဖြစ်လေသည် ။ဂျီဆူးလိုမိန်းမက ပန်းတွေကိုမချစ်တတ်တာ
မပြုစုမယုယတတ်တာ အနုအရွတွေကို
မနှစ်သက်တာ ဂျန်းနီကအသိဆုံးဖြစ်သော
ကြောင့် ယခုလိုမျိုး အာမေဋိတ်အသံဖြင့်။အဒေါ်ကြီးနဲ့အိမ်စေမလေးတွေကလည်း
ဂျန်းနီလို အာမေဋိတ်အသံမထွက်ရုံတမယ်ပဲ
မျက်နှာပေါ်မှာ အံ့သြခြင်းအငွေ့အသက်တွေနဲ့။" ဘာဖြစ်လို့လဲ ! နီနီ
ကျောင်းသွားတော့လေ
ဘာလုပ်နေတာလဲ "" ကျောင်းကသွားမှာပါ မမပန်းစိုက်ခိုင်းလို့
နီနီကအံ့သြနေတာ မမပြောတော့ပန်းတွေကို
မချစ်တတ်ဘူး ဒါမျိုးတွေဝါသနာမပါဘူးဆို
ခုကျတော့မှ ဘယ်လိုလုပ် မမက "တစ်ဖက်က တအံ့တသြပြောနေသော်လည်း
ဂျီဆူးကတော့ပုံမှန်အတိုင်းခပ်ပြုံးပြုံးလေးနဲ့ပဲ။" ဒါကတော့ ဒီလိုရှိတယ်လေ နီနီရဲ့
လူဆိုတာ ပြောင်းလဲတတ်တယ်မလား
အရင်တုန်းကတော့ ပန်းတွေကို
တို့မကြိုက်ဘူး ဒါပေမယ့်
တို့အခုတော့ အရမ်းကြိုက်သွားပြီ
အထူးသဖြင့် နှင်းဆီပန်းအနီကိုပေါ့ "ပြုံးပြုံးလေးနဲ့ဂျီဆူးဘက်ကတုံ့ပြန်နေပေမယ့်
ခေါင်းလေးတကုတ်ကုတ်နဲ့ နားမလည်နိုင်
ဖြစ်နေရှာသူကတော့ နီနီလေးသာဖြစ်တယ်။

ESTÁS LEYENDO
I bought Love But
Fanfiction" မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ " ZawGyi Version " မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ "