Unicode Version
ရိုက်ကွင်းဆီကင်ဂျီဆူးတစ်ယောက်ရောက်တာနဲ့
နေရာချထားပေးထားသော ထိုင်ခုံလေးပေါ်မှာ
ထိုင်ရင်းနဲ့လည်း ဒီနေ့ရိုက်ရမယ့်အခန်းထဲက
ပြောရမယ့် ဒိုင်ယာလော့စကားတွေကို
စာအုပ်လေးထဲ ဖွင့်ဖတ်နေမိလေတယ်။မိတ်ကပ်တွေ ၊ ထိုးထားတဲ့မီးရောင်တွေကြောင့်
လူတစ်ကိုယ်လုံးနီးပါး ပူအိုက်နေပါတယ်ဆို
နားထဲရောက်လာသောညှောင််တိညှောင်တောင်
စကားသံတွေကြောင့် မျက်မှောင်တွေကိုကြုံ့
လိုက်မိပေမယ့် စာအုပ်ကိုတော့ငုံ့ဖတ်ဆဲပါပဲ။" အစ်ကိုရယ် အစ်ကိုကအရမ်းချောတာပဲ
မင်းသားဖြစ်တာလည်း မပြောနဲ့
ညီမကိုလည်း လက်ထပ်သင်ပေးအုံးနော်
အစ်ကို နော် နော် နော်လို့ "" ဒါရိုက်တာကြီး သမီး ဒီနေ့အတွက်
ပထမဆုံးပြင်လာတာ လှတယ်မလားဟင်
လှတယ်မလားလို့ ပြောအုံးလေ "" အစ်ကို နော် မီးထိုးရင် သူများလှအောင်
ထိုးပေးနော် လှအောင်မထိုးပေးလို့ကတော့
တွေ့မယ် လုပ်မှာ ဟွန့် "ဒီနေ့မှသူနဲ့စတွဲရိုက်ရမယ့်မင်းသမီးအသစ်ရဲ့
ပြာကလက်စိန်နေတဲ့ စကားသံတွေက
ဂျီဆူးရဲ့နားထဲမှာတော့ အတော်လေးကို
ကန့်လန့်ဖြစ်နေတာကြောင့် အဆင်မပြေပါ။
ဂျီဆူးဆိုတဲ့မိန်းမက သူ့ကိုယ်တိုင်လည်း
ယောက်ကျားတွေကို ပျစ်တီပျစ်ချွဲမပြော
တတ်သလို အဲ့လိုပြောဆိုဖို့ကိုလည်း
ဝါသနာမပါတဲ့သူတစ်ဦးဖြစ်လေတယ်။ဒါပေမယ့်လည်း ကိုယ်နဲ့မဆိုင်ဘူးပဲဆိုပြီး
ဖက်လက်စစာအုပ်ကိုသာ အာရုံအပြည့်ထည့်
စိတ်နှစ်ထားနေစဥ်မှာပဲ ထိုမင်းသမီးအသစ်ရဲ့
အသံကနားထဲကိုနီးသထက်နီးကပ်လာသဖြင့်
ခေါင်းမော့ကာ အရှေ့တည့်တည့်ကိုကြည့်စဥ်။မင်းသားရဲ့အင်္ကျီစကိုပါဆွဲဆောင့်နေသော
မင်းသမီးတက်သစ်စလေးကိုတွေ့လိုက်ရတာမို့။ဘယ်လိုဟာလေးလဲ ဟ ?
အတင့်ရဲလိုက်တာလွန်ရော
အိန္ဒြေလေးဘာလေးလည်းထိန်းပါအုံး !
ဒီကောင်မလေးရဲ့ရည်းစားဖြစ်မယ့်သူကတော့
တော်တော်လေးကို လိုက်ထိန်းရမှာပဲ ။

KAMU SEDANG MEMBACA
I bought Love But
Fiksi Penggemar" မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ " ZawGyi Version " မင်းသာမသိခဲ့တာ တို့ မင်းကို အသေအချာ ချစ်ခဲ့ဖူးတယ် 💔 တို့ အချစ်တွေ မင်းကို ပေးခဲ့ဖူးတယ် ❣️ "