Part 4

1.1K 137 59
                                    

Unicode Version

ဟိုတက်သစ်စစောက်ကြောမတည့်တဲ့မင်းသမီးနဲ့
တွဲရိုက်ပြီးရိုက်ကွင်းက ပြန်လာတဲ့အချိန်မှာတော့
အတွေးထဲ ဝင်ရောက်စိုးမိုးလာတာက ROSE ။ 

ဒီနေ့လည်း ROSE ကိုတွေ့ရဖို့အတွက် နီနီရဲ့
ကျောင်းကိုသွားကြိုပါမယ်ဆိုကာမှ ။

Shitt ! ဒီနေ့က နီနီရဲ့ကျောင်းပိတ်ရက်ပဲ ။

စိတ်ပျက်လက်ပျက်နဲ့ ကားရှေ့ခန်းက
အတွင်းရေးမှူးမလေးကိုလည်း ဦးတည်ပြီး
မောင်းခိုင်းလိုက်မိတာကနောက်ရှုတင်တစ်ခုစီကို။ 

ဒီလိုနေ့မှာ နီနီရဲ့ကျောင်းဖွင့်လို့ကတော့     
အခုသွားမယ့်နောက်ရှူတစ်ခုကိုဖျက်ပြီး  
ROSE ရှိတဲ့နေရာဆီကို တန်းတန်းမတ်မတ်
ခြေဦးတည်မိမှာဟာ အသေအချာပါပဲ။

ခုများတော့လည်း .....

ရှုတင်ရှိတဲ့နေရာကလည်း သာမန်လူတန်းစားတွေ 
နေထိုင်တဲ့ ဆင်ခြင်ဖုံးရပ်ကွက်လေးသာဖြစ်တယ်။

ဒီလိုနေရာမျိုးကိုလည်း ရုပ်ရှင်ရိုက်မှာမို့လို့သာ 
ကင်ဂျီဆူးဆိုတဲ့မိန်းမဟာ ရောက်လာခဲ့တာ ။

သာမန်လူတန်းစားတွေနေထိုင်တဲ့
ထိုရပ်ကွက်လေးဟာ ကင်ဂျီဆူးလို 
လူချမ်းသာမိန်းမတစ်ယောက်နဲ့တော့
ဘယ်လိုမှကိုမအပ်စပ်တဲ့နေရာလေးတစ်ခုပါပဲ။

ထိုဆင်ခြင်ဖုံးရပ်ကွက်လေးကအိမ်တစ်အိမ်မှာ 
ရုပ်ရှင်ဇာတ်ဝင်ခန်းရိုက်ပြီးအတွင်းရေးမှူးမလေး  
မောင်းတဲ့ကားနဲ့ပြန်လာချိန်မှာတော့ ရုတ်တရက်
ထိုးရပ်သွားတဲ့ ကားရဲ့ရပ်တန့်မှုတစ်ခုကြောင့်
ဂျီဆူးရဲ့မျက်လုံးတွေဟာလည်းပြူးပြူးပြာပြာ။  

" ကားကဘာဖြစ်လို့ရပ်သွားတာလဲ " 

အလန့်တကြားမေးမြန်းလိုက်သောစကားသံ။

" ဆီကုန်သွားလို့ထင်တယ်မမ "

ကြောက်ကြောက်လန့်လန့်နဲ့တိုးဖျော့ဖျော့စကားသံ။

" ဟာ ! မင်းကတော့လုပ်ပြီ တကယ်ပါပဲ   
  ကားကိုအစတည်းကစစ်မလာဘူးပါလား "   

" တောင်းပန်ပါတယ်မမ ! ဒီနားတစ်ဝိုက်က    
  တစ်ယောက်ယောက်ကိုအကူညီတောင်းခံ
  ကြည့်လိုက်မယ်လေနော် "  

You've reached the end of published parts.

⏰ Last updated: Nov 07, 2021 ⏰

Add this story to your Library to get notified about new parts!

 I bought Love But Where stories live. Discover now