30.01.2023
Unicode
After you read this episode,
Can you pls give me vote?Jungkook ဆိုင်ပိတ်ပြီးပေမယ့် တော်တော်နဲ့မပြန်သေးတဲ့ Seokjinအားစောင့်နေမိသည် Taehyung ကလည်း ဒီနေ့ဆိုင်ကိုဝင်ခဲ့မည်မဟုတ်တာကြောင့် ဘာလုပ်နေမှန်းမသိတဲ့ Seokjinကို မနှောက်ယှက်ဘဲစောင့်မြဲစောင့်နေလေသည် မနက်ကကိစ္စကြောင့်လားမသိ တစ်နေကုန် Seokjinသည် Jungkook အားရှောင်နေလေသည်
" ပြန်နှင့်တော့ "
နောက်ကနေ ရုတ်တရက် ထွက်လာတဲ့ Seokjin အသံကြောင့် Jungkook လှည့်ကြည့်မိလေသည်
" ဘာလို့လဲ ခင်ဗျားလည်းပြန်တော့မှာမဟုတ်ဘူးလား "
" ငါဝင်စရာရှိသေးတယ် "
" လိုက်ပို့ပေးမယ် "
" မလိုဘူး ပြန်တော့ "
Seokjin ထိုသို့တစ်ခွန်းသာပြောကာ မီးတွေကိုပါပိတ်နေတာကြောင့် Jungkook ဆိုင်ထဲကနေ အပြင်သို့ထွက်လာလေသည် ဆိုင်တံခါးကိုသော့ခတ်ပြီးသည်အထိ Jungkook အပြင်ဘက်တွင်ရပ်မြဲရပ်နေလေသည် သူ့ကိုဂရုမစိုက်ဘဲ အိမ်အပြန်လမ်းနှင့် ဆန့်ကျင်ဘက်လမ်းကို ဦးတည်လိုက်တဲ့ Seokjin ကြောင့် Jungkook Seokjinရဲ့လက်တစ်ဖက်ကိုဆွဲထားမိသည်
" ဘယ်သွားမလို့လဲ "
" မင်းကိစ္စမဟုတ်ဘူး "
" နောက်ကျနေပြီ ဒီအချိန်ကြီးဘယ်သွားမှာလဲ "
Jungkookဆွဲကိုင်ထားတဲ့လက်ကို Seokjin ရုန်းလိုက်ကာ စိတ်မရှည်သည့်လေသံဖြင့် ပြောလိုက်မိတော့သည်
" မင်းကိစ္စမဟုတ်ဘူးလို့!!! ဘာလို့ငါ့ကိစ္စတွေမှာ ဝင်ပြီးစွက်ဖက်နေရတာလဲ "
YOU ARE READING
ℂℍ𝔼𝔸𝕋𝔼ℝ #𝑲𝒐𝒐𝒌𝑱𝒊𝒏 *Completed*
FanfictionHe is my husband's younger brother I know... but I can't stop loving him Started - 07.11.2020 Ended - 15.12.2021 * I'm not allow anyone for re-writing my Book * Triggering warnings Dom - Jungkook Sub - Seokjin If you don't like, you can pass By Jin...