03.02.2023
U
nicode
After you read this episode,
Can you pls give me vote?Seokjin washroom ထဲတွင် မျက်နှာသစ်နေတာ ၁၅မိနစ်လောက်ရှိနေချေပြီ ရေစိုနေသောမျက်နှာလေးအား မှန်ရှေ့တွင်ကြည့်လိုက်သော်လည်း ပါးပြင်ပေါ်က နီရဲနေတာတွေသည်ပျောက်မသွားသေးပေ
" allergy ဖြစ်နေတာလား ဘာလို့ရဲနေတာလဲ Jeon Jungkookနဲ့ ဓာတ်မတည့်လို့များလား နောက်တစ်ခါ သူနဲ့ခပ်ဝေးဝေးနေရမယ် "
Seokjin မျက်နှာကိုရေစင်အောင်သုတ်ကာ baking room ထဲသို့ အနေခက်စွာဝင်သွားမိသည် Jungkookကိုမတွေ့မှ Seokjin အသက်ဝဝရှုလိုက်ပြီး အပေါ်သို့တင်ထားတဲ့ပစ္စည်းတွေအားမော့ကြည့်ကာ ငြီးငြူမိလိုက်သည်
" တော်တော်ဒုက္ခပေးတဲ့ပစ္စည်းတွေဘဲ ငါကအရပ်လည်းမပုဘဲနဲ့ ဘာလို့မမှီရတာလဲ! "
" လက်တံတိုလို့နေမှာပေါ့ "
ဘေးနားကနေကြားလိုက်ရတဲ့ အသံကြောင့် Seokjin လန့်သွားရပြန်သည်
" မင်း! ဒီနေ့ငါ့ကိုလန့်အောင်လုပ်နေတာ ၂ခါရှိနေပြီနော် "
Jungkook Seokjinစကားကိုဘာမှပြန်မပြောဘဲ ခုနကနှပ်ထားတဲ့ ဂျုံပန်းကန်လေးကိုယူကာ Seokjinအား မေးခွန်းထုတ်လိုက်လေသည်
" ချယ်ရီသီးတွေနဲ့လုပ်မှာလား "
ပုံမှန်အတိုင်းပြောဆိုနေတဲ့ Jungkookကြောင့် Seokjinလည်း နေရသိပ်မခက်တော့ချေ သို့ပေမယ့် Jungkookနှင့်ခပ်ဝေးဝေးမှာသွားရပ်နေလေသည်
" ငါ့ကိုပေး "
" ကျတော့်ကိုရောသင်ပေး "
" အဲ့မှာကြည့်နေလေ "
YOU ARE READING
ℂℍ𝔼𝔸𝕋𝔼ℝ #𝑲𝒐𝒐𝒌𝑱𝒊𝒏 *Completed*
FanfictionHe is my husband's younger brother I know... but I can't stop loving him Started - 07.11.2020 Ended - 15.12.2021 * I'm not allow anyone for re-writing my Book * Triggering warnings Dom - Jungkook Sub - Seokjin If you don't like, you can pass By Jin...