11.02.2023
Unicode
After you read this episode,
Can you pls give me vote?T
aehyung ရုံးခန်းထဲကနေ အပြင်မှာထိုင်နေတဲ့ Jiminအားလှမ်းကြည့်နေမိသည်
လွန်ခဲ့သော၂လက Seokjinတို့နှင့်အတူ ညစာအတူတူစားခဲ့သည့်အချိန်ကနေ အခုအချိန်ထိ သူ့အားမလိုအပ်ဘဲစကားပင်မပြောဘဲ တခြားအတွင်းရေးမှူးတစ်ယောက်ဖြင့်သာ အလုပ်တော်တော်များများကိုလွှဲထားတာကြောင့် Taehyungအတွက် Jiminနှင့် မျက်နှာချင်းဆိုင်တွေ့ပြီးပြောဖို့ အခွင့်အရေးဆိုတာနဲနဲလေးမှမရှိ
သို့ပေမယ့် ကံကောင်းတာက ဒီနေ့ညမိသားစု စုံစုံလင်လင် ညစာစားဖို့ Taehyung မိဘတွေကခေါ်ထား၍ Jiminနှင့် နှစ်ယောက်ထဲ အေးအေးဆေးဆေး စကားပြောဖို့အခွင့်အရေး ရလာမှာအသေအချာပင်
အပြင်သွားနေတဲ့ Jiminကြောင့် Taehyung message သာပို့ထားလိုက်ပြီး meeting တက်ဖို့ပြင်ဆင်ရပေဦးမည်" Jungkook ah..န.နာနေတုန်းဘဲ "
" အဆင်ပြေရဲ့လား hyung မဖြစ်တော့ဘူးထင်တယ် ကျတော်တို့ဆေးရုံသွားရအောင် "
ဆိုင်ကိုသွားနေတဲ့လမ်းကနေပြန်ကွေ့ကာ မနက်ကတည်းက ဗိုက်နာတယ်ဟု Seokjinထံမှ ပြောသံကြားပေမယ့် " အထွေအထူးမဟုတ်ဘူး ဆေးသောက်လိုက်ရင် ပျောက်သွားမှာ " ဆိုတဲ့ စကားကို Jungkook ယုံခဲ့မိ၍ အခုတော့ ချွေးစေးတွေပင်ထွက်ကာ တော်တော်လေးခံစားနေရပုံပေါ်တဲ့ Seokjinကြောင့် ဆေးရုံသို့သွားနေတဲ့ လမ်းတစ်လျှောက်လုံး ဂဏာမငြိမ်ဖြစ်နေရသည်
ဆေးရုံရှေ့သို့ရောက်ရောက်ချင်း Jungkook Seokjin ခန္ဓာကိုယ်လေးအား ပွေ့ချီကာ အထဲသို့ဝင်သွားလေသည် တိုက်ဆိုင်စွာ သူငယ်ချင်းဖြစ်သူ Hoseokနှင့်တွေ့တာကြောင့် Hoseokအားအကူအညီတောင်းရတော့သည်
YOU ARE READING
ℂℍ𝔼𝔸𝕋𝔼ℝ #𝑲𝒐𝒐𝒌𝑱𝒊𝒏 *Completed*
FanfictionHe is my husband's younger brother I know... but I can't stop loving him Started - 07.11.2020 Ended - 15.12.2021 * I'm not allow anyone for re-writing my Book * Triggering warnings Dom - Jungkook Sub - Seokjin If you don't like, you can pass By Jin...