Bonus Chapter 2

820 103 3
                                    

01.08.2024

After you read this episode,
Can you pls give me vote?

After you read this episode,Can you pls give me vote?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" သတို့သားနှစ်ဦး အကြင်နာပေးနိုင်ပါပြီ "

ဂျောင်ကု ထိုစကားကိုကြားကြားချင်း ဆော့ဂျင်ခါးလေးကို ဆွဲဖက်ကာ နှုတ်ခမ်းဖူးဖူးလေးအား ကြင်နာစွာနမ်းရှိုက်လိုက်လေသည်
လူအနည်းငယ်နှင့် မိသားစုဝင်တွေသာတက်ရောက်တဲ့ပွဲမို့ ဆော့ဂျင်လည်း အရှက်သည်းမနေတော့ဘဲ ဂျောင်ကုလက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာ အနမ်းများကိုတုံ့ပြန်လိုက်လေသည်
ပွဲတက်ရောက်သူတွေကြားက ထယ်ယောင်းကတော့ မျက်နှာကြီးမဲ့နေလျက် စိတ်ပျက်နေတဲ့ပုံပေါက်နေတာကြောင့် ဂျီမင်းခမျာ ပေါင်ကိုဆွဲလိမ်ကာ မျက်နှာအားပြင်ခိုင်းနေလေသည်

" မင်ကလည်းကွာ.. ကိုယ့်ကိုဆိုလုပ်ဖို့ချည်းဘဲ "

" အဲ့မျက်ခွက်ကဘာလဲ မအီမသာဖြစ်နေတဲ့ရုပ်နဲ့ "

" ဟိုနှစ်ယောက်ကိုကြည့်ပါလားး မသိရင် သူတို့အတွက်ငှားပေးထားတဲ့ ဟိုတယ်ခန်းထဲရောက်နေတဲ့အတိုင်းဘဲ "

ထယ်ယောင်း ဆော့ဂျင်နှင့်ဂျောင်ကုအား မျက်စပစ်ပြကာ ထိုသို့ပြောလိုက်လေသည်

" မင်းဟာလေ ဆော့ဂျင်ပြောလည်းပြောချင်စရာဘဲ ဂျောင်ကုနဲ့ဆော့ဂျင်တို့ဘာလုပ်လုပ် အကောင်းကိုမမြင်ဘူး "

Honeymoon ထွက်လုဆဲဆဲ ဂျောင်ကုနှင့် ဆော့ဂျင်ရဲ့အနားသို့ ဂျီမင်းတားနေသည့်ကြားကပင် ထယ်ယောင်း မယောင်မလည်ဖြင့် ရောက်လာပြန်လေသည်

" အတော်ပျော်နေကြတဲ့ပုံဘဲ "

ဂျောင်ကုကတော့ ထယ်ယောင်းအသံကြောင့် လှည့်ကြည့်လိုက်ပြီး ရယ်သာရယ်နေလိုက်တော့သည် ဆော့ဂျင်ကို မနိုင်မှန်းသိရက်နဲ့ သက်သက်အပြောခံချင်လို့ကို လိုက်စနေသလား မှတ်ရသည်

ℂℍ𝔼𝔸𝕋𝔼ℝ #𝑲𝒐𝒐𝒌𝑱𝒊𝒏 *Completed*Where stories live. Discover now