လူပဲ​ကြောက်တတ်တာ​ပေါ့(zawgyi)

1 1 0
                                    

စိုက်ကြည့်ခံ​​နေရတာ​သေချာသွား​အောင်
ခဏအကြည့်လွှဲပြီး ပြန်ကြည့်​တော့လည်း အဲ့ဒီ မျက်လုံး​သေ​တွေဟာလုံးဝ အကြည့်မလွှဲသွား

...မဟုတ်​သေးပါဘူး သူကဘာဖြစ်ချင်​နေတာလဲ ဘယ်​လောက်ပဲ​ခွေးချစ်တတ်ပြီး
ငါက dog person ဖြစ်​နေအုံး​တော့ 
အဲ့​လောက်ထိ စိုက်ကြည့်ခံ​နေရတာ​တော့ မ​နေတတ်ဘူး​လေ ...

..ပြီး​တော့ ငါထွက်သွားရင်​နောက်ကလိုက်လာမှာလား ​ပြေး​တော့မကိုက်​လောက်ဘူးမလား ​ပြေးကိုက်ရင်ငါက​ပြေးလို့ လူ​တွေက​မေးလည်း​ခွေးလိုက်ကိုက်​နေလို့​ပြောရ​​အောင်လည်း မြင်ကြမှာမဟုတ် ​သောက်ဂွပဲ ...

..မလိုက်​လောက်ပါဘူးလို့ စိတ်ဒုံးဒုံးချရင်း ထွက်လာပြီး ပြန်လှည့်ကြည့်​တော့
အဲ့ဟာ​လေးက ​နေရာက​နေတုပ်တုပ်​တောင်မလှုပ် စိုက်ကြည့်​နေတာကလည်းမျက်နှာမလွှဲသွား မလိုက်လာရင်​တော်ပါပြီလို့​တွေးရင်း အတန်းဆီပဲ​လျှောက်လာလိုက်​တော့တယ်...

အတန်းဆီ​လျှောက်လာရင်း ​တွေးမိသွားတဲ့​ခေါင်းထဲကအလင်းတစ်ချက်

"ချစ်​တော့ချစ်စရာ​လေး ဟီး"

အတန်းထဲ​ရောက်​တော့ " ec ​ရေ"ဆိုတဲ့ မြတ်​ကောင်းခန့်ရဲ့ အသံကြီးက ဆီးကြိုတယ်

ဘာလဲ ဆိုပြီး​ခေါင်းတစ်ချတ်ဆတ်ပြ​တော့မှ

"roll call ​လေးလုပ်​ပေးပါအုံးမြတ်​လေးရာ ငါ့က​လေး​ပေါက်ဆီသွားချင်လို့ပါ မနက်ပိုင်း​လေး သူကည​နေ practical ရှိတာမို့ ကူပါအုံး နင်ကလွဲပြီးမရှိပါဘူး"

ဘေးက​နေ ​ပေါက်​ပေါက်​ဖောက်သလို​ပြောလာတဲ့မြတ်​ကောင်းကိုတစ်ချက်ကြည့်ရင်း

"ဟဲ့ မြတ်​ကောင်း​သောက်ပို​တွေလာမလုပ်နဲ့ပြီး​တော့ ec ကငါတစ်​ယောက်တည်းမဟုတ်ဖူး နင့်အ​ဖေ မြတ်ဘုန်းမင်းတစ်​ယောက်လုံးရှိတယ် ​ပြောလို့ရတယ် "

"သူကမလုပ်​ပေးလို့နင့်ကို​ပြော​နေတာ​ပေါ့ မြတ်​လေးကလည်းကွာ roll call ​လေးလုပ်​ပေးစမ်းပါ"

"မြတ်ဘုန်းနင်က​ကော ဘာလို့မလုပ်​ပေးတာလဲ သူကအဲ့​တော့ငါ့ကိုလာ​ပြော​ကော​ပေါ့ ပြီး​တော့ငါ့ကိုလာမ​ရောနဲ့လို့​ပြောထားပြီးသား​လေမြတ်​ကောင်း "

Invisible Where stories live. Discover now