​ကြောက်​ပေမယ့်လည်း(Unicode)

2 1 0
                                    

အသံကြားလို့ကြည့်မိ​တော့ စိုက်ကြည့်​နေတာက​နေအကြည့်မလွှဲသွား​သေး

..ဒီအသံက နင်​တော့မဟုတ်​လောက်ဘူးမလား...

..မဟုတ်​လောက်ပါဘူး ​ခွေးတစ်​ကောင်က ဘယ်လိုစကား​ပြောတတ်မှာလဲ ငါလည်း​ကြောင်​တောင်​တောင်နဲ့ ​လျှောက်​တွေးမိ​နေပြန်ပြီ...

ကိုယ့်ဟာကိုယ်စိတ်​ပြေ​အောင်​တွေးရင်း
ထမင်း​ကြော်ကိုပဲ ဗိုက်ဆာဆာနဲ့ စားမိ​တော့တယ်။

"​အော် ငယ်လာ​လေ ဒီမှာလာထိုင် လာ"

ဆိုင်ထဲကို ဝင်လာတဲ့ ​ကျောလယ်​လောက်ထိဆံပင်ရှည်​တွေကိုချထားပြီး အသားဖြူဖြူ ​ရှေ့ဆံမြိတ်​လေး အတိချထားတဲ့ မြန်မာဆန်ဆန် ​ကောင်မ​လေး တစ်​ယောက်ကို မြတ်​ကောင်းက လှမ်း​ခေါ်တယ် သူ့​ကောင်မ​လေးထင်ပါရဲ့ ။

"ဟဲ့ ခုနက တ​ကောင်း ထဲ​ကောင်း​နေတဲ့ဟာ​တွေက ခုကျအသံ​​တောင်မထွက်ပါလား "

မြတ်ဘုန်းနားကပ်ပြီး ခပ်တိုးတိုး​ပြောတော့

"​အေး​လေ ခုကျမ​ခေါ်​တော့တာ​ကောင်မ​လေးသနားပါတယ်​တွေ့ချင်တယ်​ပြောတာ သူတို့မဟုတ်တဲ့အတိုင်း​ချေမိုး​နေတာပဲ"

မြတ်ဘုန်းကကိုယ့်​လေသံကိုလိုက်ရင်း​​အသံတိုးတိုးနဲ့ပြန်ပြောရှာတယ်

"​ယောက်ချိုဆိုတာမျိုး​​တွေလေ"

"ဘာလဲဟဲ့ ​ယောက်ချို ဆိုတာ"

"​ယောက်ျား​တွေကိုပဲ ကွက်ပြီးချိုသာတာကို​ပြောတာ​လေဟာ "

"နင်တို့ နှစ်​ယောက် အတင်းတုပ်လို့ပြီးအုံးမှာလား စားစရာရှိတာမစားပဲ "

​"​သော်က ကလည်းကွာ အတင်းမဟုတ်ပါဘူးဆို ငါတို့က မြင်တာကို မြင်တဲ့အတိုင်း​ပြော​နေကြတာ ​နော် မြတ်ဘုန်း"

"​အေး​လေ"

"ဘာကို ​အေး​လေတုံး ထိန်းမယ်မရှိဘူး အကုန်လိုက်​မြှောက်​ပေး​​နေလိုက် မင်းလည်း "

"ဟို​လေ အမမြတ်ဖူးငုံ"

​သော်ကတစ်​ယောက် ဆူ​နေရင်းကြားထဲကထွက်လာတဲ့ချစ်စရာအသံ​သေး​သေး​လေး

Invisible Tempat cerita menjadi hidup. Temukan sekarang