စတင်ခြင်း (unicode)

5 1 0
                                    

မွေး​နေ့တဲ့.......
ကိုယ့်အတွက်​​တော့သာမန်အတိုင်းဖြတ်သန်းသွားရမယ့် ​နေ့တစ်​နေ့ထက်လွဲလို့ ဘာမှထူးမလာဘူး။
အ​ပြေးပြိုင်ပွဲတစ်ခုမှာ အနိုင်ရရင်းအ​မေ့ဗိုက်ထဲ​ရောက်လာတယ်။အ​မေ့ဗိုက်ထဲမှာ ​နေရတာ သူများ​တွေလို၉လမပြည့်ခင် ကိုယ်အပြင်​လောကကို​ရောက်လာတယ်။
အဲ့​ရောက်လာတဲ့​နေ့ကို ကိုယ့်​မွေး​နေ့လို့သတ်မှတ်လိုက်ကြတယ် ဒါပဲ။ အခုဆိုအ​ရေးမပါတဲ့ ကိုယ့်​မွေး​နေ့​တွေကိုဖြတ်သန်းလာတာ လက်ဆယ်​ချောင်းချိုးပြီးလို့​နောက်ထပ်ရှစ်​ချောင်း​မြောက်။

"​မွေး​နေ့​ရောက်ပြီ​နော် က​လေးမ
မင်းတို့​တွေ​ပြောတာငါကျင့်ထားပါတယ် ဘာတဲ့ ဟက်ပီး ဘက်​ဒေး"

​ကျောင်းသွားခါနီးလဲဖို့အင်္ကျီယူ​နေတဲ့
ဗီဒိုထဲက​နေ ရုတ်တရတ်ထွက်လာတဲ့အသံ​ကြောင့် အင်္ကျီချိတ်ကိုလွှတ်ချမိတဲ့အထိ

မကြားချင်​ယောင်​ဆောင်ရင်း
ပြုတ်ကျသွားတဲ့အင်္ကျီကို ပြန်​ကောက်ရင်းအ​​မော့ သူကကိုယ့်ကုတင်မှာအခန့်သား

"မြင်​နေကြား​နေရတာကို မမြင်ချင်​ယောင်​ဆောင်တာလည်းပင်ပန်းမှာပဲ​နော်က​လေးမ ၁၈ပြည့်ပြီပဲငါ့ကို ဝိဥာဥ်​လေးခဏငှား​ပေးပါလား ​ကောင်မ​လေး​တွေနဲ့တစ်ည​လောက်အိပ်ကြည့်ချင်လို့ပါဟာ"

"နင့်ရဲ့​သွေး​ပေပြီးညစ်ပတ်​နေတဲ့ရွံစရာကိုယ်လုံးကြီးရယ် မျက်လုံးက​နေစီးကျ​​နေတဲ့သွေး​တွေ ငါ့အိပ်ယာ​ပေါ်မ​ပေခင် ခုချက်ချင်း ငါ့ကုတင်​ပေါ်က​နေဆင်းစမ်း
​​​ောက်​နှာဘူး​ကောင်ရဲ့"လို့ ​အော်ဟစ်ပလိုက်ချင်​ပေမယ့်  hoodie ​ကောက်ဝတ်
အ​မေ့ကိုသွားပြီ ​​ပြောရင်း ferry ​​စောင့်တဲ့ဆီပဲထွက်လာခဲ့​တော့တယ် ။

ဒါ​တွေကအဖွားနဲ့ကိုယ်ပဲသိတဲ့ လျို့ဝှက်ချက်​တွေထဲကတစ်ခု...

Ferry ​ပေါ်​ရောက်​တော့နားကြပ်ထိုးထည့်ပြီး အိပ်ဖို့ပဲကြံမိ​တော့တယ်။ မမြင်မကြားရ​ရင်​တော့စိတ်ငြိမ်​လောက်မှာပါ​လေ။

​Ferry ​ပေါ်ကဆင်းပြီးcanteen ကို​လျှောက်လာတဲ့လမ်းမှာ​ရှေ့က​နေတည့်တည့်လာရပ်တဲ့ အရိပ်တစ်ခုရယ် ဝင်​ဆောင့်မိတဲ့ ​ကျောပြင်ကျယ်တစ်ခုက​မွေး​နေ့ကို​စော​စောစီးစီးကျက်သ​ရေတုံး​စေတယ်။

Invisible Tempat cerita menjadi hidup. Temukan sekarang