00.

3.5K 179 1
                                    

[ Zawgyi ]

ကျွန်​​တော်​ မရူးဘူး....ကျွန်​​တော်​မရူးဘူးလို့"

"လွှတ်​...ကျွန်​​တော်​တို့ကိုလွှတ်​​ပေး"

"ခင်​ဗျားတို့ကမှရူး​နေတာ"

"တိတ်​စမ်း!!"

"ခင်​ဗျားတို့ကမှ အရူး​တွေ"

ကောင်​​လေးနှစ်​​ယောက်​ကိုအတင်းဆွဲ​ခေါ်​နေတဲ့ ဝတ်​စုံပြည့်​ရဲသား​တွေနဲ့ လမ်း​လေးဟာ ပွက်​​လောရိုက်​​နေတယ်​။ ​ဘေးက​နေရွံ့ရှာသလိုအကြည့်​​တွေကတစ်​မျိုး သနားသလိုမျက်​ဝန်း​တွေကတစ်​ဖုံနဲ့ လူအုပ်​ကြီးကလည်း အနားမကပ်​ဘဲ အ​ဝေးက​နေ တီးတိုးဆို​နေကြတယ်​။

အချိန်​ကာလအားဖြင့်​ ၁၉၇၉ခုနှစ်​ဖြစ်​တယ်​။ တရုတ်​အစိုးရက လိင်​တူခြင်းချစ်​ကြိုက်​​နေသူများကို​  လူ့အဖွဲ့အစည်းအား ကြီးစွာခြိမ်းေ​​​ခြာက်​မှုဖြစ်​စေသည့်​ စိတ်​​ရောဂါသည်​များအဖြစ်​​ကြေညာခဲ့ပြီး ​ပြန်​လည်​ပညာ​ပေးကုသ​စေတယ်​။ ကုသလို့မရသူ​တွေကို​တော့ 'hooliganism' criminal လူ့အဖွဲ့အစည်းကိုချိုး​ဖောက်​တဲ့ ပြစ်​မှုကျူးလွန်​သူများအဖြစ်​သတ်​မှတ်​ပြီး ဖမ်းဆီးအ​ရေးယူခြင်းမျိုး​တွေပြုလုပ်​ခဲ့တယ်​။

လူ့မှုပတ်ဝန်းကျင်​​​ကလည်း ထိုသို့​သောစိတ်​​ရောဂါခံစား​နေရသူများကို လူရာမသွင်းဘဲ​ရှောင်​ဖယ်​ကြတယ်​။ အပြစ်​သား​တွေလိုတစ်​မျိုး၊ အန္တရာယ်​​ကောင်​​တွေလိုတစ်​ဖုံ အထင်​​သေး​ကြောက်​ရွံ့ကြတယ်​။ ကူးစက်​တတ်​တဲ့ ကပ်​​ရောဂါကို သယ်​​ဆောင်​ထားကြတဲ့သူ​တွေလိုမျိုး ရွံရှာပြီး တိမ်း​ရှောင်​ကြတယ်​။ မည်​သို့​သော လူမှုပတ်​ဝန်းကျင်​မျိုးကမှ ထိုသူတို့ကို လက်​သင့်​မခံ​ပေးနိုင်​ကြဘူး။

၁၉၇၉ခုနှစ်​ဟာ လိင်စိတ်​တိမ်းညွှတ်​မှုထူးခြား​နေတဲ့ သူ​တွေအတွက်​ ​အ​မှောင်​ထဲမှာသာ​နေရတဲ့ ဆိုးဝါး​သောနှစ်​​တွေရဲ့အစဖြစ်​တယ်​။

.

.

.

______________________________________

.

.

ချစ်​ခြင်းသည်​သာ ပြစ်မှုတစ်​ခုဖြစ်​ရပါလျှင်​....

FAVOURITE CRIME [ Completed ]Where stories live. Discover now