01.

2K 163 11
                                    

[Zawgyi]

"ဝမ်​​လေး​ရေ"

"ဝမ်​​လေး ဒီမှာရှိပါတယ်​"

"..."

"ဟာ...ကိုကိုက အလိုက်​ကိုမသိဘူး"

"​ဟေ..ကိုကို ဘာလုပ်​မိလို့လဲ"

"ဝမ်​​လေးက ကိုကို့ကိုစိတ်​ဆိုး​နေတယ်​​လေ"

"​အင်း​လေ"

"အဲ့တာကို ကိုကိုက အဲ့လိုလာ​ခေါ်​တော့ ဝမ်​​လေးက​ယောင်​ပြီး ထူးမိသွားတာ​ပေါ့ ကိုကိုရဲ့"

"အိုက်​ယား..ကိုကို့ရဲ့ဝမ်​​လေးက စိတ်​​ဆိုး​နေရင်​ ချစ်​ဖို့မ​ကောင်းဘူး​လေ"

"ဟုတ်​တယ်​လား"

"ဟုတ်​တာ​ပေါ့...ပါးကြီး​တွေက​ဖောင်းပြီး ဘဲနှုတ်​ခမ်း​လေးနဲ့​လေ"

"ဟာကွာ..အဲ့တာဆို စိတ်​မဆိုး​တော့ဘူး"

ကျောင်းသွားတာ သူ့ကိုပါအတူမ​ခေါ်သွားလို့စိတ်​​ကောက်​​နေတဲ့ ​ဝမ်​​ပေါက်​စ​လေးက ၁၄နှစ်​သားအကိုကြီးရဲ့ ရင်​နှစ်​သည်းချာ​လေးဖြစ်​တယ်​။

"ကိုကို...ဝမ်​လေးက ဘယ်​​တော့မှ ကိုကိုတက်​တဲ့​ကျောင်းကြီးကိုတက်​ရမှာလဲဟင်​"

စကား​ပြောလိုက်​ရင်​မို့တက်​လာတဲ့ ပါးစုံကြီး​တွေနဲ့ ၈နှစ်​သားက​လေး​လေးက ချစ်​စရာအတိ။

"ဒီထက်​နည်းနည်းကြီးလာရင်​​ပေါ့ ဝမ်​လေးရဲ့"

နူးနူးညံညံအပြုံး​လေးနဲ့ တည်​ငြိမ်​​အေးချမ်းတဲ့မျက်​နှာပိုင်​ရှင်​ ၁၄နှစ်​သားက​လေး​လေးကလည်း ​ထွေးပိုက်​ချင်​စရာအပြည့်​။

"ဘယ်​​လောက်​ကြီးရမှာလည်း ကိုကိုရဲ့"

"အင်း..."

၁၄နှစ်​သားက​လေးက စဉ်းစားသလိုပြုမူ​တော့ ၈နှစ်​သားက​လေး​လေးက ရင်​ခွင်​ထဲက​နေကုန်းရုန်းထလိုက်​တယ်​။

"ဒီ​လောက်​လား..."

လက်​က​လေးနှစ်​ဖက်​ကို ​ခေါင်း​သေး​သေး​လေးရဲ့နည်းနည်းမြင့်​တဲ့​နေရာမှာထားလို့​မေး​လေတယ်​။

"ဒါမှမဟုတ်​ ဒီ​လောက်​ကြီးမှလား"

ကုတင်​​ပေါ် တင်​ပျဉ်​​ခွေထိုင်​ရက်​က​နေ မတ်​တပ်​ရပ်​လိုက်​ပြန်​တယ်​။ ​ခြေဖျား​လေး​ထောက်​ကာ ခုနကထက်​ပိုမြင့်​တဲ့ ​နေရာကိုလက်​က​လေး​မြှောက်​တင်​လို့​မေးပြန်​တယ်​။

FAVOURITE CRIME [ Completed ]Where stories live. Discover now