14.

799 107 2
                                    

[Zawgyi]

"​ရှောင်​နန်​...ရိ​ပေါ် မင်းကိုတစ်​ခုခုများမှာထားခဲ့​သေးလား"

"မမှာထားဘူး သခင်​​လေး"

မနက်​ကတည်းက ​ရှောင်းကျန့်​ထက်​အရင်​ အိမ်​ကထွက်​သွားတဲ့ရိ​ပေါ်က ​နေ့လည်​​စောင်းချိန်​ထိ စက်​ရုံမှာမ​တွေ့ရ​သေးတာ​ကြောင့်​ ​ရှောင်းကျန့်က စိတ်​ပူ​နေပြီ။

" ဘာဖြစ်​လို့လဲ သခင်​​လေး"

"ဘာမှမဖြစ်​ပါဘူး...မင်းတို့သခင်​​လေး ရိ​ပေါ်က​နေသိပ်​မ​ကောင်းတာမို့ ဒီရက်​ပိုင်း မင်းတင်​ပြချက်​​တွေကို ငါ့ဆီပဲပို့လိုက်​"

"သခင်​​လေးရိ​ပေါ်က ​နေမ​ကောင်းဘူးလား"

"အင်း"

"အာ..အဲ့တာ​ကြောင့်​ မျက်​နှာကဖြူ ​ဖျော့​နေတာကိုး"

စာရင်းစစ်​​ကောင်​​လေးရဲ့ တစ်​​ယောက်​တည်း​ရေရွတ်​သံ​ကြောင့်​ ​ရှောင်းကျန့်​ရဲ့မျက်​ခုံး​တွေက တွန့်​ချိုးသွားတယ်​။

"ဒါဖြင့်​ ဘားကဘာလုပ်​ဖို့သွားတာ..."

"​ရှောင်​နန်​!"

ရှောင်းကျန့်​ရဲ့​အေးစက်​စက်​အသံ​ကြောင့်​ စာရင်းစစ်​​လေး​ကောင်​​လေးက အပြစ်​လူမိသလို ထိတ်​လန့်​သွားတယ်​။

"ငါ့ကို ​သေ​သေချာချာ အစအဆုံးရှင်းပြစမ်း!"

"ဗျာ...ဘာကို..."

"​ဝေ့လည်​​ချောင်​ပတ်​လုပ်​​နေရင်​ ၅လစာဖြတ်​မယ်​!!"

"ဟုတ်​..ဟုတ်​ကဲ့သခင်​​လေး"

ရှောင်းကျန့်​ရဲ့ ​ဒေါသစိတ်​​တွေကတကယ်​ကိုပဲ​​တောက်​​လောင်​​တော့မှာ။

"မနက်​အ​စောကြီး အလုပ်​သမားတန်းဘက်​ကိုသခင်​​လေးရိ​ပေါ်​ရောက်​လာပြီး​တော့ ကျွန်​​တော့်​ကိုလာရှာပါတယ်​။ ဒီ​နေ့စက်​ရုံကိုမလာပါဘူးတဲ့။ သူမလာ​ပေမဲ့လည်း သခင်​​လေး​ရှောင်းကျန့်​ကို အလုပ်​ပိုမ​ပေးရဘူးတဲ့။ အဲ့ဒါ​ကြောင့်​ ဒီ​နေ့တင်​ပြချက်​​တွေကို အလုပ်​ဆင်းရင်​ 'D'ဘားမှာ သူ့ကိုလာ​ပေးပါတဲ့။ ဟို...​​နေ့လည်​စာ ထမင်းဘူး​ရောက်​​နေရင်​လည်း ည​နေကိုတစ်​ခါတည်းယူလာဖို့ မှာလိုက်​ပါ​သေးတယ်​ သခင်​​လေး"

FAVOURITE CRIME [ Completed ]Where stories live. Discover now