[Zawgyi]
ညနေခင်းမှာ ရိပေါ်က အဖြူ ရောင်ရှပ်လက်ရှည်နဲ့ ဝတ်စကုတ်နက်ပြာလေးကိုတွဲလို့ဝတ်ထားတယ်။ နက်ကတိုင်လေးနဲ့ နက်ပြာရောင်အပေါ်ထပ်ကုတ်လေးကို ထပ်ပြီးဆင်လိုက်တဲ့ ရိပေါ်က ပိုလို့ရင့်ကျက်တဲ့ပုံပေါက်သွားတယ်။
လူကြီး ဆန်ဆန်နဲ့ သိပ်ကိုဆွဲဆောင်မှုရှိတဲ့ ကောင်လေးပါပဲ။
ကုရွှမ်းယွမ်ကလည်း ငှက်ခါးရောင် ဝတ်စုံပြည့်နဲ့ ပွဲတစ်ခုလုံးမှာအထင်ပေါ်ဆုံးဖြစ်အောင် ဆင်ယင်ထားတယ်။
ရှောင်းကျန့်ကတော့ အဖြူ ရောင်ရှပ်လက်ရှည်ပေါ်မှာ မီးခိုးရောင်ကုတ်ကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားတယ်။ တည်ငြိမ်အေးချမ်းတဲ့မျက်နှာအသွင်အပြင်ပါပေါင်းလိုက်တဲ့အခါ မြင်သူငေးချင်စရာပါပဲ။
ဒါပေမဲ့ ရှောင်းကျန့်စိတ်ကလေးက အနည်းငယ်မကြည်မလင်ဖြစ်နေတယ်။ စိတ်တိုင်းမကျတဲ့ နက်ကတိုင်တွေကြောင့် သူ့ရှပ်အကျီ င်္လည်တိုင်က ဟာလာဟင်းလင်းဖြစ်နေမှာအမှန်ပင်။
သချာလေးပြင်ဆင်သွားချင်ပေမဲ့လည်း ကုရွှမ်းယွမ်က အရှေ့ကားနဲ့အရင်သွားနှင့်တာကြောင့် ရှောင်းကျန့်တို့ကနောက်ကားနဲ့လိုက်ရတော့တယ်။
ကားထဲမှာလည်းလေထုကသိပ်ငြိမ်တယ်။
ရိပေါ်နဲ့ရှောင်းကျန့်က ကားနောက်ခန်းရဲ့တစ်ဖက်တစ်ချက်ဆီမှာခပ်ခွာခွာထိုင်ဖြစ်ကြတယ်။ တစ်ယောက်တည်းသိတဲ့ရည်ရွယ်ချက်တွေကတော့တူညီတယ်။ တစ်ဖက်သားကို အနှောင့်အယှက်မဖြစ်စေချင်တဲ့ ကိုယ်ဆီဆန္ဒတွေနဲ့။
ငြိမ်သက်နေတဲ့လေထုကြောင့် မကြည်လင်နေတဲ့ရှောင်းကျန့်ရဲ့စိတ်ကလေးက ရှိန်းတိန်းတိန်းဖြစ်လာရတယ်။ ဒီလိုအခြေအနေကိုအာရုံပြောင်းဖို့ရှောင်းကျန့်က ဒရိုင်ဘာလေးကို ရေဒီယိုဖွင့်ခိုင်းရင်ကောင်းမယ်လို့စဉ်းစားလိုက်တယ်။
YOU ARE READING
FAVOURITE CRIME [ Completed ]
Fanfic[ BJYX Fanfiction ] . IF LOVING YOU IS A CRIME THEN..... YES, I'M A CRIMINAL AND YOU'LL BE MY FAVOURITE CRIME EVER~ . . . . . Oct 22, 2021 ~ Dec 29, 2021