04.

811 125 4
                                    

[Zawgyi]

အဲ့ဒီ​နောက်​ပိုင်း ဝမ်​ရိ​ပေါ်က သိသိသာသာထူးဆန်းလာတယ်​။ ​​ကျောင်းဆင်းချိန်​တိုင်း ပါးပါး​ဝယ်​​ပေးထားတဲ့ စက်​ဘီးတစ်​စီးနဲ့​ရှောင်းကျန့်​အလုပ်​ကိုလာတတ်​သလို ပိတ်​ရက်​ ​ကောင်​မ​လေးနဲ့​တွေ့ရင်​လည်း တ​ကောက်​​ကောက်​ကပ်​ပါလာတာမျိုး။

ရှောင်းကျန့်​က မက်​ထားဖူးတဲ့အိမ်​မက်​ဆိုး​ကြောင့်​ အခန်းခွဲအိပ်​ချင်​တာ​တောင်​ ရိ​ပေါ်ကခွင့်​မပြုလို့ ဘာမှမတတ်​နိုင်​ဘူးဖြစ်​​နေတယ်​။

ရိ​ပေါ်က ရှာင်းကျန့်​ကို အရင်​ကထက်​ပိုပြီး ကပ်​တွယ်​လာတယ်​။ ​ရှောင်းကျန့်​က ရင်​ဝယ်​မပိုက်​ထားရုံတမယ်​ပဲကျန်​​တော့တယ်​။ အချိန်​ပြည့်​နီးပါးအနားမှာ ​ရှိ​နေပြီးမျက်​စိ​အောက်​ကကို အ​ပျောက်​မခံချင်​ဘူးဖြစ်​​နေတယ်​။

ပါးပါးကုက​တော့ မင်းညီအ​တွေ့အကြုံယူ​နေတာဖြစ်​မယ်​တဲ့။
ရှောင်းကျန့်​က​တော့ မကြိုက်​ပါဘူး။ ဒီ​ကောင်​​လေးက ငယ်​​သေးတယ်​။ ရည်းစားထားရမဲ့အရွယ်​မဟုတ်​​သေးဘူး။

.

.

.

.

အစပိုင်းကမသဲကွဲတဲ့ ခံစားချက်​​တွေကတဖြည်းဖြည်းနဲ့ရုပ်​လုံး​ပေါ်လာတယ်​။ ရိ​ပေါ်က ထူးထူးဆန်းဆန်း​တွေခံစား​နေရတယ်​လို့ထင်​ခဲ့​ပေမဲ့ တစ်​ကယ်​​တော့လုံးဝမထူးဆန်းဘူး။ ဒီခံစားချက်​​တွေက အရင်​ကတည်းက သူ့မှာရှိ​နေတာ။ အခုမှပိုပြီး တိတိကျကျသိလာရုံပဲ။

ရှောင်းကျန့်​နဲ့တစ်​ခြား​ကောင်​မ​လေးတစ်​​ယောက်​ လက်​ချင်းတွဲထားတာမြင်​ရင်​ သူလည်း​ရှောင်းကျန့်ရဲ့လက်ကို​​​အဲ့လိုမျိုးဆုပ်​ကိုင်​ထားချင်​တယ်​။ ရုပ်​ရှင်​ရုံထဲမှာ ​ရှောင်းကျန့်​ပုခုံးကိုဖက်​ထားချင်​ပြီး ​ရှောင်းကျန့်​နှုတ်​ခမ်း​တွေကို အပိုင်​စားရချင်​တယ်​။
ရိ​ပေါ်က ​ရှောင်းကျန့်​ကို အစ်​ကိုတစ်​​ယောက်​လိုသ​ဘောမထားနိုင်​​တော့ဘူး။ သူ​ရှောင်းကျန့်​ကိုရချင်​တယ်​။ ချစ်​သူတစ်​​ယောက်​လိုမျိုး။

FAVOURITE CRIME [ Completed ]Where stories live. Discover now