My stepbrother ep 4
ထယ့်အား ဂျီမင်က အဖေနဲ့အမေသွားတော့ Bar သွားဖို့ လာခေါ်တာနဲ့ ထယ်လဲ လိုက်လာလိုက်သည်. အိမ်မှာတစ်ယောက်ထဲပျင်းသည်မို့ ..
"ထယ် မင်းညီနဲ့ အဆင်ပြေရဲ့လား"
"ဟင့်အင်း မပြေဘူး .."
"သူက ငါ့ကိုအကောင်းကိုမမြင်တာ .. "
"နောက်ပိုင်းမြင်လာမှာပါ .. "
ထယ်လဲ ဂျီမင်နဲ့အတူ သောက်နေတုန်း လက်ကိုလာဆွဲတဲ့လူကြောင့် ကြည့်မိတော့ ဂျောင်ကု..
"ဘာလာလုပ်တာလဲ ငါ့လက်ကိုလွှတ်အုံး".
"ကျုပ်က ခများကို မေးရမှာ .. ခများလို လူမျိုး ဒီလိုနေရာကို ဘာလာလုပ်တာလဲ .."
ဂျောင်ကု သူငယ်ချငိးတွေနဲ့ Bar မှာလာထိုင်ပြီးသောက်နေတုန်း .. ဘေးဘက်ဝိုင်းက အကောင်တွေက ပါးစပ်အရသာခံပြောနေလို့ လှမ်းကြည့်လိုက်တော့ အိမ်က ဟိုလူ အခုလိုကြည့်ပြန်တော့လဲ ထိုလူက တော်တော်လှသည် .. မိန်းကလေးတွေထက် လှတဲ့ကောက်ကြောင်းလေးနဲ့ .. ကျွန်တော်လဲ သူတို့ဝိုင်းရှိရာကိုသွားလိုက်တော့ သူ့အားပြူးပြူးကြောင်ကြောင်နဲ့ကြည့်လာတဲ့ ထိုလူ.
"မေးနေတာဖြေလေ .."
"ငါအိမ်မှာ တစ်ယောက်ထဲပျင်းလို့ ထွက်လာတာပါ ."
"ဒီလို နေရာမျိုး ခများလာသင့်တယ် ထင်နေတာလား .."
"လာပြန်မယ် .."
"မပြန်ဘူး ငါဂျီမင်နဲ့ နေအုံးမှာ ."
"ကျုပ်ဒီထက်ပိုမပြောချင်ဘူး"
လက်ကနေ ဆောင့်ဆွဲ ပြီးခေါ်သွားတဲ့ ဂျောင်ကုရဲ့ အနောက်ကနေ ယက်ကန်ယက်ကန် ပါသွားတဲ့ ထယ်ရယ်..
ကားပေါ်သို့ တင်လိုက်ပြီး သူပါဝင်ကာ ထွက်လာလိုက်သည်.။"ဘာလို့ငါ့ကို ဒီလိုတွေလုပ်နေတာလဲ ငါမှာလဲ ငါလွတိလပ်ခွင့်ရှိတယ်လေ ."
"ခများမူးနေတဲ့ချိန် ဟိုကအကောင်တွေက တက်လုပ်ရင် သေနေမှာဆိုးလို့ .."
"ဂျောင်ကု.."
"ကျွန်တော်အဆန်းလုပ်ပြရမလား"
YOU ARE READING
My stepbrother (Completed)
Fanfiction"ခများကို ညီအကိိုထက်ပိုပြီး ကျွန်တောိတစ်ယောက်ထဲပိုင်ချငိတာ "