My stepbrother ep 5
Laptop ကိုရှေ့ချပြီ သူငယ်ချင်းတွေနဲ့ VC call ပြောနေတဲ့ဂျောင်ကု..
"မင်းအဲ့လိုလုပ်တာ ဟိုက ပိတ်မထိုးတာကံကောင်း "( YG )
"ငါလဲ မရတော့လို့လေ ကွာ .."
"ငါတို့ပြောတာက ရိုမန့်ကွ မင်းကိုရီးယားကားမကြည့်ဘုးလား"(NJ )
"ဟင့်အင်း "
"ကောင်းတယ် .. "(NJ )
"အမှတ်တမဲ့ ဂရုစိုက်ပေးတာမျိုး နောက်ပိုင်း သူက မင်းအပေါ်စိတ်ယိုင်လာရင် မင်းသူနဲ့တွဲလိုက် ပြီးရင် သူခံစားရအောင် တစ်ခုပြီးတစ်ခုလုပ်တာမျိုး" (YG)
"မင်းသူ့ရှေ့မှာ တစ်ခြားကောင်မလေးတွေနဲ့ တွဲပြတာမျိုး "(JH)
"အဲ့လိုလုပ်ရင် ."
"ငပိန်း မင်းပြီးရင်သူ့ကို ပြတ်လိုက် သူက မင်းကို တကယ်ချစ်သွားပြီလေ ဒါပေမယ့် မင်းဘက်ကပါ ချစ်သွားရင်တော့ မတတ်နိုင်ဘူး .." (YG )
"သူပြောတာမှန်တယ်ဟျောင့် မင်းဘက်က ချစ်သွားရင်တော့ မတတ်နိုင်ဘူး" (NJ )
"ငါက ချစ်စရာလား စိတ်ပျက်ဖို့ကောင်းတယ် သူက "
"ချစ်ခြင်းအစ မုန်းခြင်းကတဲ့ " (JH )
"တော်ပြီကွာ .. မင်းတို့ပြောတဲ့တိုင်းလုပ်မယ် ငါမချစ်မိသွားခဲ့ရင် .."
"ငါတို့ 1လတိတိ မင်းဖြစ်ချင်တာအကုန်လုပ်ပေးမယ် "(NJ )
"မင်းဘက်က ချစ်မိသွားရင်တော့ မင်းက ငါတို့ ခိုင်းသမျှလုပ်ရမယ် ."(YG )
"စိတ်ချမဖြစ်စေရဘူး"
ပြောကာ laptop ပိတ်ပြီး ထွက်လာလိုက်သည်.. ဧည့်ခန်းထဲရောက်တော့ မနက်ထဲက ထိုလူဧည့်ခန်းထဲထိုင်နေ တာ အခုထိမထသေး...
"ခများဘာလုပ်ချင်လို့လဲ "
"ဟို .. ငါ ကော်ဖီလေး သောက်ချင်လို့ .."
ဇတ်ခနဲ ကောက်မလိုက်တဲ့ဂျောင်ကုကြောင့် ထယ်က ဂျောင်ကု ပခုံးကို ဖတ်လျက်သား .။
"ငါ ..ငါ ဘာသာဘဲသွား".
"လျှာမရှည်နဲ့ .."
ထမင်းစားဝိုင်းမှာ ချပေးလိုက်ပြီး .. ကော်ဖီသွားဖျော်လာပေးတဲ့ ဂျောင်ကု..
YOU ARE READING
My stepbrother (Completed)
Fanfiction"ခများကို ညီအကိိုထက်ပိုပြီး ကျွန်တောိတစ်ယောက်ထဲပိုင်ချငိတာ "