My stepbrother ep 8
ထယ်မနက်ထဲက Tan ကိုလိုက်ရှာနေတာ အခုထိ မတွေ့သေး ထယ်ရှာနေတာ တစ်အိမ်လုံး နံ့နေပြီ .. အိမ်ကလူတွေကို မေးကြည့်တော့လဲ သူတို့က မသိဘူးတဲ့လေ ... ဒန်းပေါ်မှာထိုင်ပြီး စဉ်းစားနေတုန်း .. ခြံထဲကနေ ခွေးကို ပိုက်ပြီး ဝင်လာတဲ့ ဂျောင်ကု..
"ဂျောင်ကု ဘယ်ခေါ်သွားတာလဲ tanကို ငါမှာ ရှာနေတာ အိမ်ထဲနှဲ့နေတာဘဲရယ် "
"ခွေးက အိမ်ထဲမှာဘဲ အချိန်တိုင်းနေနေရတာလေ . ခများတောင် အချိန်ပြည့်အိမ်ထဲနေနိုင်လို့လား"
"အာ.. ငါမနက် အစောကြီးထရမှာကြောက်လို့ပါ .."
"ထားပါ နောက်ခါ ခများသွားချင်ရင် ကျုပ်ကိုလာခေါ် .."
"အွနး်ပါ ငါက မင်းကိုအားနာလို့ပါ .."
"အားနာမနေနဲ့ .. ရော့ "
ခွေးကိုသူ့လက်ထဲ ပေးကာထွက်သွားတဲ့ဂျောင်ကု .. သူပြုံးလျက် ..
"လာပါးပါးတို့လဲ သွားကြမယ် "
မနက်စာစားပြီးတော့ .. ဂျောင်ကုက ..
"ကျုပ်အပြင်ခနသွားအုံးမယ် ... အပြင်တွေလျှောက်သွားမနေနဲ့ .. ပြီးတော့ အပြင်သွားမယ်ဆိုလဲ အိမ်ကလူတွေကိုပြောခဲ့ ကြားလား"
"အင်းပါ . ငါကလေးမဟုတ်ဘူး"
"ခများကလေးမဟုတ်ဘူးဆိုတာ သိလို့ပြောနေတာ "
ပြောကာ ထွက်သွားတဲ့ ဂျောင်ကု .. ဂျောင်ကု ထွက်သွားပြီးမှ .. သူလဲ TV ကြည့်လိုက် မုန့်စားလိုက်နဲ့သာ .. ညနေစောင်းခါနီး ဝင်လာတဲ့ ဖုန်းကြောင့် . ကိုင်လိုက်တော့"ဟယ်လို .."
"ဟယ်လို ဂင်မ်ထယ်ယောင်းလား"
"ဟုတ်ပါတယ် ဘယ်သူလဲ "
"ကျွန်မ Jane ပါ ဟိုတစ်ခေါက်အိမ်ကိုလာတဲ့ တစ်ယောက်လေ ."
"အော် ဘာကိစ္စရှိလို့လဲ "
"ဟို ညီမ စိတ်အားငယ်နေလို့ ညီမအကို့နဲ့အတူ ပန်းခင်းတူတူကြည့်ပြီး စိတ်ဖြေဖျောက်ချင်လို့ပါ .. အကိုက ပန်းခင်းတွေကိုသဘောကျတယ်မလား"
"အွန်း ဒါပေမယ့် ညနေစောင်းနေပြီညီမရဲ့ "
"အကိုမအားလဲရပါတယ် ထားပါ ညီဘာသာဘဲ နေလိုက်ပါမယ် ညီမ စိတ်ရှုပ်နေလို့ခေါ်မိတာပါ ."
YOU ARE READING
My stepbrother (Completed)
Fanfiction"ခများကို ညီအကိိုထက်ပိုပြီး ကျွန်တောိတစ်ယောက်ထဲပိုင်ချငိတာ "