My stepbrother ep 9
ထယ်က ပြန်ရောက်ထဲက ဧည့်ခန်းက ဆိုဖာပေါ်မှာ လှဲအိပ်နေတာ အခုထိ ဂျောင်ကုလဲ ထမင်းစားပြီးတော့ .. ထယ့်နားလာကာ ..
"ခများထအုံး .."
ပြောကာ ထယ့်လက်အားလှမ်းကိုင်လိုက်တော့ .."ခများကိုယ်တွေပူနေတာလား ထစမ်း ."
"ဟာ.. ငါမထနိုင်ဘူး "
"ဒီအေးတဲ့ နေရာမှာ လှဲနေတာပိုနေမကောင်းဖြစ်မှာပေါ့ "
"ဟမ် .. "
"ကျုပ်ဘဲ ချီသွားလိုက်တော့မယ် .."
ကောက်ချီကာ အခန်းထဲလိုက်ပို့ကာ ရေဇလားတစ်ခုနဲ့ လက်ကိုက်ပဝါလေးတစ်ထည်ယူလာကာ .. ထယ့်နှဖူးပေါ် တင်ပေး ထားလိုက်ကာ ..
"ခနလေးနော် .. ကျုပ်ဆရာဝန်ကို ဖုန်းခေါ်ပေးမယ် .."
ကောက်ခါငင်ခါ ထွက်သွားပြီး .. ဆရာဝန်ကို ဖုန်းခေါ်ကာ အထဲပြန်ဝင်လာပြီး ..
"ခနလေး ဆရာဝန်ခေါ်ထားတယ် .."
ထယ့်လက်လေးကို ဆုပ်ကိုင်ပြီး ပြောကာ .. ဆရာဝန်လာတာ ထိုင်စောင့်နေလိုက်သည် .. ခနနေတြော ရောက်လာတဲ့ ဆရာဝန်.. ဆရာဝန်စစ်ဆေးပြီးမှ .။
"အကြောက်လွန်ပြီးဖျားသွားတာ ကံကောင်းတာက သတိမေ့မသွားတာဘဲ .. ဆေးတွေ ပေးခဲ့မယ် တိုက်လိုက်ပါနော် .."
"ဟုတ်ကဲ့ပါဆရာ .."
ဆရာဝန်ကို ပြန်ထွက်ပို့ပြီး ထယ့်ဆီ ပြန်လာကာ ..
"ခများ ဆန်ပြုတ်သောက်မလား".
"ဟင့်အင်း ငါမသောက်ချင်ဘူး"
"မသောက်ချင်လို့ မရဘူး ဆေးသောက်ရအူံမှာ .. ခနနေအုံး ကျုပ်သွားပြုတ်လာခဲ့မယ် .."
ဂျောင်ကု ထယ့်ကို စိတ်ပူနေတာများ ဘေးကလူတွေ ကြည့်ရင်တောင် သိတယ် .. အခုလဲ အောက်ထပ်ကို ပြေးဆင်းပြီး သူကိုယ်တိုင်ဆန်ပြုတ်ပြုတ်နေခြင်းပေ..
"ကျွန်မတို့ဘာသာ လုပ်ပေးလိုက်မယ် "
"ငါ့ကိုလုပ်နည်းဘဲပြော လျှာမရှည်နဲ့ "
"ဟုတ် .."
ဘေးနားကနေ ပြောပြနေတဲ့ ကောင်မလေးတွေရယ် သူ့ကောင်လေးအတွက် ကျိုးစားပမ်းစားချက်ပြုတ်နေတဲ့ကောင်လေးရယ် .. ဆန်ပြုတ်လဲရကော.. အပေါ်ကို တက်လာပြီး ...
YOU ARE READING
My stepbrother (Completed)
Fanfiction"ခများကို ညီအကိိုထက်ပိုပြီး ကျွန်တောိတစ်ယောက်ထဲပိုင်ချငိတာ "