ပိုင်ချန်လီ/ပိုင္ခ်န္လီ(2.4)

2.4K 210 7
                                    

Unicode

မျက်နှာဖုံးစွပ်ကောင်လေး

တောအစပ်၌

'စစ်သူကြီး ဆက်သားပြန်ရောက်လာပါပြီ'

'အင်း အခုချက်ချင်း ငါ့ဆီလာခိုင်းလိုက်'

'ဟုတ်ကဲ့'

'စစ်သူကြီးကို အရိုအသေပြုပါတယ်'

'အင်း အရှင် ဘာမှာလိုက်လဲ'

'အရှင်က ပိုင်အိမ်ရှေ့စံကိုရှာရန် တောအုပ်ထဲဝင်ပြီး ရှာခိုင်းလိုက်ပါတယ်'

'အင်း အဲဒါဆို မနက်ဖြန်မနက်ကျရင် တောအုပ်ထဲဝင်ရှာကြမယ် နားလည်လား အသင့်ပြင်ထားကြ'

'ဟုတ်ကဲ့'

'နောက်ပြီး တောထဲဝင်ရင် ဘာအမှားမှလျှောက်မလုပ်ကြနဲ့ နားလည်လား'

'အမိန့်အတိုင်းပါ စစ်သူကြီး'

___________________________________________

At morning

"အဘိုး ထပါဦး ဒီနေ့ကျွန်တော့်ကို အပြင်လိုက်ပို့မယ်ဆို ထပါဦးလို့ အခုမထရင် ပြန်ရင်နောက်ကျနေလိမ့်မယ် ထတော့လို့ အဘိုးရဲ့''

'အင်းပါ ထပါပြီ မြေးရဲ့ အပြင်သွားရမယ်ဆိုတော့ တက်ကြွနေတာပဲ အရင်ကအစောမထတဲ့လူက အခုတော့အစောကြီးထလို့နေပါလား အတော်သွားချင်နေတယ်ပေါ့ ဟုတ်လား'

"အဲလိုလည်း မဟုတ်ပါဘူးဗျ မြေးကအပြင်မထွက်ရတာကြာတော့ နည်းနည်းစိတ်လှုပ်ရှားနေလို့ပါဗျ အစောနိုးတာကလည်း ညနေအပြန်နောက်ကျမှာစိုးလို့ပါဗျ ဟိဟိ''

'ဟုတ်ပါပြီဗျာ ကာယံကံရှင်ပြောတာပဲယုံရမှာပေါ့ မဟုတ်ဘူးလား'

"ဟာ အဘိုးကလည်း မြေးပြောတာအမှန်ပါဗျ''

'ဟုတ်ပါပြီကွာ အဘိုးမစတော့ပါဘူး သွား အမြန်အဝတ်သွားလဲချေ နောက်ပြီး အရင်မျက်နှာဖုံး စွပ်ဖို့လည်းမမေ့နဲ့ဦး'

"ဟင်း ဘာလို့လဲ မျက်နှာဖုံးမစွပ်ချင်ပါဘူး''

'မျက်နှာဖုံးမစွပ်လို့မရဘူးမြေးရဲ့ အပြင်မှာ ယန်နိုင်ငံကလူတွေကမြေးကိုရှာနေကြတယ်လေ
ဘာလဲ မြေးကအဘိုးထားခဲ့ပြီ ယန်နိုင်ငံကိုလိုက်သွားမလို့လား'

cute kitty systemOnde histórias criam vida. Descubra agora